loading...

loading...

loading...

ချယ်လ်ဆီးအသင်းပွဲမကစားရသေးချိန်မှာ အဆင့်၃နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။
Ye Yint Htay

ပရီးမီးယားလိဂ်ပွဲစဉ်(၃၄) ပွဲစဉ်ရဲ့အစောဆုံးပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အိမ်ကွင်းအသစ်ကြီးမှာ တန်းဆင်းခဲ့ရပြီဖြစ်တဲ့ ဟတ်ဒါဖီးလ်အသင်းကို သက်သောင့်သက်သာ အနိုင်ကစားနိုင်ခဲ့ပါတယ်။

 

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့အနေအထားမှာ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အိမ်ကွင်းမှာ ဟတ်ဒါဖီးလ်အသင်းကို အမှားအယွင်းမရှိအနိုင်ကစားနိုင်ခဲ့ပါတယ်။ စပါးအသင်းပွဲထွက်လူစာရင်းမှာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းဒဏ်ရာရနေချိန်မှာ ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ကိုလည်း အရန်ခုံထိုင်ခိုင်းပြီး ချန်ပီယံလိဂ်အတွက် အနားပေးခဲ့ပါတယ်။ ၃-၄-၃ကစားကွက်မှာ လော်ရန်တေး၊ လူးကပ်စ်မော်ရာ၊အဲရစ်ဆင်တို့သုံးဦးကိုတိုက်စစ်မှာ အသုံးပြုခဲ့ပါတယ်။

ပွဲစကတည်းက တိုက်စစ်ဦးစားပေးကစားခဲ့တဲ့ စပါးအသင်းဟာ ပွဲချိန် ၂၄မိနစ်မှာကတည်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်ကစားသမား ဝမ်ရာမက သွင်းယူခဲ့တာပါ။ ဆက်တိုက်ဆိုသလိုပဲ ၂၇မိနစ်မှာ စပါးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို လူးကပ်စ်မော်ရာက သွင်းယူခဲ့ပါတယ်။ ပထမပိုင်းမှာတော့ စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၀ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၂-ဝဂိုးနဲ့ပဲဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် စပါးအသင်းကစားအားချခဲ့ပြီး ပွဲကိုထိန်းကစားခဲ့ပါတယ်။ ဟတ်ဒါဖီးလ်အသင်းအခွင့်အရေးတစ်ချို့ပြန်ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ ၈၇မိနစ်နဲ့ နာကျင်အချိန်ပို ၉၃မိနစ်မှာတော့ စပါးအတွက် တတိယဂိုးနဲ့ လေးဂိုးမြောက်ဂိုးတွေကို လူးကပ်စ်မော်ရာကသွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာတော့ စပါးအသင်းက ၄-ဝဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် စပါးအသင်းဟာ ရမှတ် ၆၇မှတ်နဲ့ ချယ်လ်ဆီးအသင်းပွဲမကစားရသေးချိန်မှာ အဆင့်၃နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။


loading...

က္က