Hummel ကုမ္ပဏီအနေနဲ့ အဲဗာတန်အသင်းကို စံချိန်တင်ကြေးတစ်ခုနဲ့ ကမ်းလှမ်းခဲ့တာပါ။
Win Kyaw Min

၂၀၂၀-၂၁ ဘောလုံးရာသီကနေစပြီး ဂျာစီစပွန်ဆာအဖြစ် အဲဗာတန်အသင်းနဲ့လက်တွဲသွားမှာဖြစ်သလို ၃နှစ် သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ လက်ရှိဂျာစီစပွန်စာဖြစ်တဲ့ အမ်ဘရိုနဲ့အကြား သက်တမ်းတိုးရန်အဆင်မပြေခဲ့ပြီးတဲ့ နောက်နယ်သာလန်အားကစားပစ္စည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hummel နဲ့ ပေါင်သန်း ၃ဝတန်စာချုပ်တစ်ရပ်ချုပ် ဆိုခဲ့ပြီဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ချက်ကို dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဂျာမနီအခြေစိုက်၊နယ်သာလန်အားကစားကုမ္ပဏီအနေနဲ့အဲဗာတန်အသင်းကိုစံချိန်တင်ငွေကြေးတစ်ရပ်အသုံး ပြုကမ်းလှမ်းခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီသစ်မှာ ဂျာစီ၊ အသုံးအဆောင်အားလုံးအတွက် တာဝန်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။



အဲဗာတန်အသင်းအနေနဲ့ စပွန်ကုမ္ပဏီဟောင်းဖြစ်တဲ့ အမ်ဘရိုဆီကနေ တစ်နှစ်ကို ပေါင် ၄ဒဿမ၅သန်းသာရ ရှိခဲ့တာဖြစ်ပြီး Hummel ရဲ့ကမ်းလှမ်းမှုက အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ကမ်းလှမ်းခံရမှုတစ်ခုလည်းဖြ စ်လာခဲ့ပါတယ်။

Hummel ကုမ္ပဏီအနေနဲ့ ဘောလုံးအသင်းများစွာကို လက်တွဲထားတဲ့ ကုမ္ပဏီဖြစ်ပြီး အင်္ဂလန်တွင် ချာလ်တန်၊ မစ်ဒယ်ဘရော့၊ ကိုဗင်ထရီ၊ ဘရစ္စတိုးလ်အစရှိတဲ့ အသင်းများကို စပွန်ဆာပေးထားသလို နိုင်ငံ့လက်ရွေးစင်အ သင်းမှာလည်း ဒိန်းမတ်၊ လစ်သူယေးနီးယားနိုင်ငံတွေပါဝင်နေပြီး စပိန်တွင် လက်စ်ပါးမက်၊ အိုဆာဆူနာတို့နဲ့အ တူ စီးပွားဖက်အဖြစ်ရှိနေခဲ့တာပါ။

အဲဗာတန်အသင်းရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အမ်ဘရိုနဲ့အကြား သဘောတူညီချက်မှာ ဇွန်လတွင် ကုန် ဆုံးမှာဖြစ်သော်လည်း ၂၀၁၉-၂၀ ဘောလုံးရာသီကုန်ဆုံးချိန်အထိ အမ်ဘရိုတံဆိပ်ဂျာစီများကိုပဲ ဝတ်ဆင်သွား မှာဖြစ်သလို Hummel ဂျာစီတွေကိုတော့ ရာသီသစ်မှာ စပြီးအသုံးပြုသွားမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတ ယ်။


Author

  • Win Kyaw Min

က္က