အဓိကဂိုးသမားအယ်လစ်ဆန် ချန်ပီယံလိဂ်ပွဲကို လွဲချော်တော့မှာပါ။
Pyae Phyo Thein

ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး ရှုံးပွဲဆက်နေခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အဓိကဂိုးသမားအယ်လစ်ဆန်ကို တင်ပါးဒဏ်ရာကြောင့် လက်လွှတ်ထားရဦးမယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းရဲ့ တရားဝင်တွစ်တာကတဆင့် ဒီတစ်ပတ်ကစားမယ့် ဘုန်းမောက်နဲ့ပွဲကို အယ်လစ်ဆန်လွဲချော်မယ်လို့ အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စိုးရိမ်စရာဖြစ်လာခဲ့တာကတော့ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားရမယ့်ပွဲကိုပါ အယ်လစ်ဆန်လွဲချော်မှာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က အယ်လစ်ဆန်အနေနဲ့ ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်လိမ့်မယ်လို့ အတည်ပြုသွားခဲ့လို့ အရန်ဂိုးသမား အန်ဒရီယန်ကိုပဲ ပွဲထွက်ခွင့်ပေးရတော့မှာဖြစ်ပါတယ်။

အယ်လစ်ဆန်ဟာ ချယ်လ်ဆီးနဲ့ကစားမယ့် အက်ဖ်အေဖလားပွဲမတိုင်ခင်မှာ အဆိုပါဒဏ်ရာကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံလေးပွဲဆက်တိုက်မှာ ပေးဂိုး ၈ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။ အက်သလက်တီကိုကိုလည်း အဝေးကွင်းပထမအကျော့မှာအရေးနိမ့်ထားခဲ့လို့ အိမ်ကွင်းမှာ အနိုင်ရဖို့အတွက် ရုန်းကန်ရမယ့်အချိန်မှာ အယ်လစ်ဆန်ရဲ့သတင်းကထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ 

"အယ်လစ်ဆန်က ဒီတစ်ပွဲကစားမယ့် လိဂ်ပွဲကိုလည်း လွဲချော်မှာပါ၊ ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ သူဒဏ်ရာရခဲ့တာပါ၊ သူ အက်သလက်တီကိုနဲ့ပွဲကိုလည်း ကစားနိုင်မှာမဟုတ်ပါဘူး၊ အဲဗာတန်နဲ့ပွဲကိုတော့ သူ ပြန်ကစားနိုင်မလားဆိုတာ ကျွန်တော်မသိသေးပါဘူး၊ လာမယ့်အပတ်အထိတော့ သူ ကစားနို်င်မှာမဟုတ်ပါဘူး" လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ 


က္က