လာမယ့်နွေရာသီမှာ စပါးက ထွက်ခွာဖွယ်ရှိနေသူပါ။
Pyae Phyo Thein

သူ့အနေနဲ့ အသင်းမှာဆက်လက်ရှိနေဖို့ဆိုတာ မသေချာဘူးလို့ ဟယ်ရီကိန်းက တော့တင်ဟမ်ဟော့စပါအးသင်းကို သတိပေးမှုတွေ အရိပ်အမြွက်ပြုလုပ်ခဲ့ပါတယ်။ ဥရောပကလပ်အသင်းကြီးတွေက သူ့အပေါ်စိတ်ဝင်စားနေမှုတွေရှိတယ်လို့ ဟယ်ရီကိန်းက သဘောပေါက်ထားပြီးသားပါ။ သူ့အနေနဲ့ ဆုဖလားတွေရယူချင်တယ်လို့လည်း လူသိရှင်ကြားထုတ်ဖောပြောဆိုမှုတွေ ပြုလုပ်ထားသူပါ။ ဒီအတွက် လက်ရှိမှာ စပါးအနေနဲ့ ကိန်းကို အသင်းမှာဆက်ထိန်းထားဖို့က တော်တော်လေးခက်ခဲနေပါတယ်။ ယူနိုက်တက်နဲ့ ရီးရဲလ်တို့က သူ့ကိုစိတ်ဝင်စားနေပြီးတော့ များပြားတဲ့ပြောင်းရွှေ့ကြေးပေးချေဖို့ အသင့်ဖြစ်နေပါတယ်။ ဒါက ကိန်းရဲ့ စွမ်းဆောင်ရည်ကြောင့်ဖြစ်ပြီး သူ ဘာတွေလုပ်ထားနိုင်ခဲ့လဲဆိုတာကို ကြည့်ကြည့်ရအောင်။


ပရီးမီးယားလိဂ်


- ၂၀၁၄-၁၅ ဘောလုံးရာသီမှာ စပါးအတွက် ပုံမှန်ကစားခွင့်ရချိန်ကစပြီးတော့ သူက ၁၃၃ ဂိုးအထိ ပရီးမီးယားလိဂ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ထက်ပိုပြီးတော့ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားက တစ်ဦးမှမရှိခဲ့ပါဘူး။ ဥရောပထိပ်တန်းလိဂ်တွေမှာတောင်မှ ကစားသမားငါးဦးပဲ သူ့ထက်ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ 


- ၂၀၁၇-၁၈ မှာ ကိန်းက ပရီးမီးယားလိဂ်သွင်းဂိုး ၃၀ အထိရရှိခဲ့ပါတယ်။ ဒါဟာ ကီဗင်ဖီးလစ်က ဂိုး ၃၀ ရယူပြီးနောက် ပထမဆုံးသွင်းယူနိုင်တဲ့ အင်္ဂလန်ကစားသမားအဖြစ် ကိန်းက မှတ်တမ်းဝင်ခဲ့ပြီး ၁၉၈၆-၈၇ နောက်ပိုင်း ဂိုး၃၀ ရရှိခဲ့တဲ့ ပထမဆုံးစပါးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ 


- ကိန်းက စပါးအသင်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၁၉၈ ပွဲမှာ ၁၃၆ ဂိုးသွင်းယူပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ နာမည်ကျော်တိုက်စစ်မှူးဟောင်းတက်ဒီရှရင်ဂမ်က ၉၇ ဂိုးသာရရှိထားခဲ့တာပါ။ ကိန်းက စပါးအတွက် ၁၂၀ မိနစ်ကစားပြီးတိုင်း တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 


အလန်ရှီးယားကို ကျော်ဖြတ်နိုင်ခဲ့မှု

အလန်ရှီးယားက ပရီးမီးယားလိဂ်သွင်းဂိုး ၂၆၀ အထိရရှိခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သူပါ။ ကိန်းအနေနဲ့ အဆိုပါဂိုးသွင်းစံချိန်ကို လိုက်မမီသေးပေမယ့်လည်း ရှီးယားရဲ့ တချို့သောစွမ်းဆောင်ရည်တွေထက် သာလွန်မှုတွေရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ကိန်းက ပရီးမီးယားလိဂ်သွင်းဂိုး ၃၉ ဂိုးအထိရရှိခဲ့ပြီး ဒါဟာ ပြက္ခဒိန်တစ်နှစ်အတွင်းမှာ ဂိုးအများဆုံးရခဲ့တာပါ။ ရှီးယားရဲ့ ၃၆ ဂိုးစံချိန်ကို ကျော်ဖြတ်နို်င်ခဲ့ပါတယ်။ 


တစ်နှစ်တာအတွင်းမှာ ဟက်ထရစ်ခြောက်ကြိမ်အထိ ကိန်းက ရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်က ငါးကြိမ်ရရှိခဲ့တဲ့ အလန်ရှီးယားရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါသေးတယ်။ ကိန်းက ပရီးမီးယားလိဂ်မှာ ဟက်ထရစ်စုစုပေါင်း ၈ ကြိမ်ရရှိခဲ့ပြီး သူ့ထက်ပိုမိုများပြားသူအဖြစ် ရော်ဘီဖောင်လာ (၉)၊ ရှီးယား(၁၁) နဲ့ အဂူရို (၁၂)တို့သာ ရှိပါတယ်။ 


ဥရောပစွမ်းဆောင်ရည်

ဥရောပပြိုင်ပွဲတွေမှာလည်း ကိန်းက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ၂၀၁၉ နိုဝင်ဘာလက ကစားခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ပွဲမှာ ၂ဂိုးသွင်းယူခဲ့ပြီးနောက် ကိန်းအတွက် ဥရောပသွင်းဂိုး ၂၀ ပြည့်ခဲ့ပါတယ်။ စုစုပေါင်း ၂၄ ပွဲသာ ကစားပေးခဲ့တာဖြစ်ပြီးတော့ ဥရောပချန်ပီယံလိဂ်မှာ ဂိုးပေါင်း ၂၀ အမြန်ဆုံးပြည့်တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ သူ စကစားခွင့်ရတဲ့အချိန်ကစပြီး လက်ရှိအချိန်ထိ သူ့ထက်ပိုပြီး ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေက ရော်နယ်ဒို၊ လီဝန်ဒေါစကီးနဲ့ မက်ဆီတို့ သုံးဦးတည်းသာ ရှိခဲ့ပါတယ်။ 


က္က