အနည်းဆုံးယူရို

လီဗာပူးအသင်းဟာ ယခုနွေရာသီမှာ ရီးရဲဘက်တစ်ဘယ်နောက်ခံကစားသမား ဂျူနီယာဖာ့ပိုရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ကို ပေးချေပြီး ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက အန်ဒရူးရောဘတ်ဆန်ဟာ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်အောင်ပွဲမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် ဥရောပမှာ တိုက်စစ်အားအသန်ဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။



ရောဘတ်ဆန်ကြောင့် ပွဲထွက်ခွင့်မရရှိခဲ့တဲ့ အယ်လ်ဘာတိုမိုရီနိုဟာ ယခုလအစောပိုင်းမှာ အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ပြီး နည်းပြ ယာဂင်ကလော့ပ်ဟာ ရောဘတ်ဆန်ရဲ့နေရာမှာ အရန်သင့်အစားထိုးအသုံးပြုဖို့ အရည်အသွေးရှိကစားသမားတစ်ဦး ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ကတ်တလန်အခြေစိုက် အားကစားသတင်းဌာန Sport ရဲ့ဖော်ပြချက်အရ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ စိတ်ဝင်စားမှုခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာပိုကို ရီးရဲဘက်တစ်အသင်းက စာချုပ်ဖျက်သိမ်းကြေးလောက်ပမာဏမရရှိဘဲ အသင်းကနေ ထွက်ခွာခွင့်မပြုဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ရောဘတ်ဆန်ရဲ့အကြမ်းခံနိုင်မှုကြောင့် မိုရီနိုဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ကလော့ပ်က ဘယ်နောက်ခံနေရာအတွက် ပထမပွဲထွက်ကစားသမားမဟုတ်တဲ့ကစားသမားကို ငွေကြေးများစွာသုံးစွဲပြီး ခေါ်ယူချင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က