loading...

loading...

loading...

အာဆင်နယ် စွမ်းဆောင်နိုင်ဦးမယ်လို့ ယုံကြည်နေတာပါ။
Pyae Phyo Thein

အူနိုင်းအမ်မရီရဲ့ အာဆင်နယ်ဟာ နောက်ဆုံး (၂)ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာဖြစ်ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးကာလမှာ ဆက်တိုက်ခြေချော်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်းအမ်မရီက အဝေးကွင်းမှာ ဝုလ်ဗ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီး အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်သေးတယ်လို့ ပြောဆိုလိုက်ပါတယ်။ အူနိုင်းအမ်မရီရဲ့ အာဆင်နယ်ဟာ နောက်ဆုံး (၂)ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာဖြစ်ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးကာလမှာ ဆက်တိုက်ခြေချော်ခဲ့ရပါတယ်။

ဝုလ်ဗ်က (၃-၁) နဲ့ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ ပွဲမှာ ရူဘင်နက်ဗက်စ်၊ မတ်ဒိုဟာတီ နဲ့ ဂျိုတာတို့က ဝုလ်ဗ်အတွက် ပထမပိုင်းမှာပဲ ဂိုးတွေသွင်းခဲ့ပြီး အာဆင်နယ်နောက်ခံလူ ဆော့ကရိတ်စ်က ဒုတိယပိုင်းမှာ ချေပဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့လို့သာ အာဆင်နယ်တို့ သွင်းဂိုးတစ်ဂိုး ရရှိခဲ့ပြီး (၃)ဂိုးပြတ်အရေးနိမ့်ရမယ့် အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။

အာဆင်နယ်က အဆင့် (၅)နေရာမှာ ရပ်တည်နေခဲ့ပြီး အဆင့် (၄)နေရာက ချယ်လ်ဆီးနဲ့ တစ်မှတ်ကွာဟနေခဲ့ပါတယ်။ ဒါပေမယ့်လည်း စပိန်သားနည်းပြကြီးကတော့ သူ့ရဲ့အသင်းဟာ အဆင့် (၄)အတွင်းဝင်ရောက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ပွဲအပြီးမှာ BBC Sport ကို ပြောကြားခဲ့ပါတယ်။

" ရှုံးပွဲအတွက် ကျွန်တော်တို့ စိတ်ပျက်ရပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ (၃)လက အသင်းရဲ့ အခြေအနေက ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို ပြန်မှတ်မိဖို့ လိုအပ်ပါတယ်၊ အဆင့် (၄)အတွင်းကို ပြန်လည်ဝင်ရောက်နိုင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါသေးတယ်၊ ဝုလ်ဗ်နဲ့ ပွဲက ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့ သိပြီးသားပါ၊ ဘာလို့လဲဆိုတော့ ဒီအသင်းက တစ်ရာသီလုံးမှာ ခြေစွမ်းပြကစားနေတဲ့ အသင်းဖြစ်နေလို့ပါပဲ"

"သူတို့က နောက်တန်းကောင်းသလို တိုက်စစ်မှာလည်း လျင်မြန်တဲ့ ကစားသမားတွေ ရှိပါတယ်၊ ဝုလ်ဗ်က ထိုးဖောက်ရခက်ခဲတဲ့ အစုအဖွဲ့မျိုးနဲ့ အသင်းပါ၊ ပထမပိုင်း (၂၅)မိနစ်မှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့သလို ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဂိုးရမယ့် အခွင့်အလမ်းတော့ မဖန်တီးနိုင်ခဲ့ပါဘူး"


ဆက်စပ်အကြောင်းအရာများ


loading...

က္က