loading...

loading...

loading...

ယူရိုသန်း ၁၂၀ အထိ ပေးချေရမှာဖြစ်ပါတယ်။
Kg Htet

မန်ချက်စတာစီးတီးအသင်းဟာ ဘင်ဖီကာကြယ်ပွင့် ဂျူအိုဖီးလစ်ရဲ့စာချုပ်လျော်ကြေးကို ပေးချေပြီး ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဂျူအိုဖီးလစ်ဟာ ခရစ်စတီယာနိုရော်နယ်ဒို လက်သစ်လို့ သတ်မှတ်ခံထားရသူဖြစ်ပြီး စာချုပ်လျော်ကြေးဟာ ယူရိုသန်း ၁၂၀ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျူအိုဖီးလစ်ကို ဂျူဗင်တပ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဘင်ဖီကာအသင်းဟာ ဂျူဗင်တပ်ရဲ့ယူရို ၇၅ သန်းနဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းပယ်ထာခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဂျူအိုဖီးလစ်ဟာ ဘင်ဖီကာရဲ့အတောက်ပဆုံးကြယ်ပွင့်ဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂျူအိုဖီးလစ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားပြီး ဂျူဗင်တပ်အသင်းဟာ ဂျူအိုဖီလစ်ရဲ့အေးဂျင့် ဂျော့ဂျ်မန်းဒက်စ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် တစ်ပန်းသာနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် မန်ချက်စတာစီးတီးအသင်းဟာ ဂျူအိုဖီးလစ်ကို ခေါ်ယူဖို့ လက်လျှော့သွားမှာ မဟုတ်ဘဲ ဂျူအိုဖီးလစ်ရဲ့ ယူရိုသန်း ၁၂၀ တန်ဖိုးရှိ စာချုပ်လျော်ကြေးကို ပေးချေသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ယခုထွက်ပေါ်လာတဲ့ သတင်းအတိုင်းသာ အမှန်တစ်ကယ် ဖြစ်လာခဲ့ပါက ဂျူဗင်တပ်အသင်းအနေနဲ့ ဂျူအိုဖီးလစ်ကို မဆုံးရှုံးဖို့အတွက် အပြောင်းအရွှေ့ကိစ္စကို လျင်လျင်မြန်မြန် ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။


loading...

က္က