loading...

loading...

loading...

လက်ခံနိုင်ဖွယ်ဖြစ်တယ်လို့ ယုံကြည်နေတာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ရွိုင်ကိန်းဟာ ၎င်းရဲ့ထင်မြင်ချက်ကို ပြောဖို့အတွက် ဘယ်တုန်းကမှ ကြောက်ရွံ့ခြင်းမရှိခဲ့သူဖြစ်ပြီး ဆိုးလ်ရှားက ရွိုင်ကိန်းရဲ့ ပြစ်တင်ဝေဖန်ပြောဆိုမှုဟာ လက်ခံနိုင်ဖွယ်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ရွိုင်ကိန်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်က မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်းမှာ လူလိမ်တွေများနေကြောင်း ဒေါသတကြီး ဝေဖန်ခဲ့တာဖြစ်ပြီး ယင်းကစားသမားတွေဟာ ဆိုးလ်ရှားကို မော်ရင်ဟိုကို ဒုက္ခပေးခဲ့သလို လုပ်လိမ့်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာဒါဘီပွဲအပြီးမှာ ကိန်းဟာ ၎င်းရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ တကယ်လို့ မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလားအတွက် လက်တွေ့ကျကျစိန်ခေါ်လိုတယ်ဆိုရင် နောက်တန်းကစားသမားအသစ် ၄ ဦးလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ရွိုင်နဲ့ ကျွန်တော်က အမြဲတမ်းအရမ်းကောင်းမွန်တဲ့ဆက်ဆံရေးရှိသူပါ။ ခင်ဗျား ဘယ်လိုပြောမလဲ။ သူ့ရဲ့ထင်မြင်ယူဆချက်ကို ကျွန်တော် တန်ဖိုးထားပါတယ်။ သူ့မှာလည်း သူ့ထင်မြင်ယူခချက်ရှိမှာပါ”

“ကျွန်တော်တို့ နှစ်ပေါင်းများစွာ အတူတူကစားခဲ့ကြပြီး သူကလည်း မန်ချက်စတာယူနိုက်တက်ကစားသမားလေ။ မန်ချက်စတာစီးတီးရဲ့နောက်မှာ ရပ်တည်နေရတဲ့အတွက် ကျွန်တော်တို့နဲ့ ဆက်နွယ်နေတဲ့သူတွေတိုင်း နာကျင်ရသလိုမျိုး သူလည်း နာကျင်မှာပါ”

“ကျွန်တော်တို့် ရာသီကြိုပြန်လာရင် မှန်ကန်တဲ့စရိုက်လက္ခဏာတွေအသင်းအတွင်းနဲ့ ပတ်ပတ်လည်မှာ ရှိနေဖို့ သေချာအောင် လုပ်ရမှာက ကျွန်တော့်ရဲ့အလုပ်ပါ။ ဘာလို့လဲဆိုတော့ အဲဒါက ဘယ်တော့မှ ခွင့်မပြုသင့်တဲ့ကိစ္စမို့လို့ပါ”

“ဘာလို့လဲဆိုတော့ ခင်ဗျား မန်ယူနိုက်တက်မှာရှိတဲ့အခါမှာ ခင်ဗျားကို အသားပေးပြီး သတင်းခေါင်းစည်းမှာ ဖော်ပြကြမှာပါ။ သူတို့တွေ ဒီနေ့ပေးတဲ့ အားစိုက်ထုတ်မှုလိုမျိုး အလုပ်ကိုလာတဲ့နေ့တိုင်း ခင်ဗျားပေးနိုင်ဖို့ သေချာအောင် လုပ်ရပါမယ်။ အဲဒါက ခင်ဗျားရဲ့ တာဝန်ပဲ”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။


loading...

က္က