အသင်းလက်လွှဲရောင်းဝယ်မှုကို ခွင့်ပြုပေးလိုက်ပါပြီ။
Pyae Phyo Thein

လက်ရှိမှာတော့ လက်လွှဲရောင်းချမှုအတွက် စာရွက်ပေါ်မှာတော့ ကိစ္စအားလုံးပြီးစီးခဲ့ပြီလို့ဆိုကာ ဇွန်လ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်သွားမယ်လို့ မျှော်လင့်ရပါတယ်။ 


ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ နယူးကာဆယ်နဲ့ ဆော်ဒီအုပ်စုတို့ရဲ့ အရောင်းအဝယ်ကို ခွင့်ပြုချက်ပေးလိုက်ပြီလို့ သိရပါတယ်။ ပေါင်သန်း ၃၀၀ နဲ့ လက်လွှဲရောင်းချဖို့အတွက် ဆွေးနွေးနေမှုဟာ လိပ်ခဲတည်းလည်းအခြေအနေမှာသာ ရှိနေခဲ့ပြီးနောက် အဖွဲ့ချုပ်ဘက်က ခွင့်ပြုပေးမှုကြောင့် မြန်မြန်ဆန်ဆန်ပဲ အကောင်အထည်ပေါ်လာတော့မှာဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့မှာ ပိုင်ရှင်အသစ်လက်ထဲကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်းကို ကြေညာဖွယ်ရှိတယ်လို့လည်း Mirror က ဖော်ပြခဲ့ပါတယ်။ မိုက်အက်ရှ်လေအနေနဲ့ ၁၃နှစ်ကြာ အသင်းကိုထိန်းချုပ်ခဲ့မှုကို ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ရဲ့ နောက်ခံရှိနေတဲ့ ဆော်ဒီစီးပွားရေးအုပ်စုဆီကို လွှဲပြောင်းပေးရတော့မှာဖြစ်ပြီး ရှယ်ယာ ၈၀%အထိရှိတယ်လို့ သိရပါတယ်။ 

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ လိဂ်ပွဲစဉ်တွေပြန်လည်စတင်ဖို့ကိစ္စကို ဦးစားပေးဆောင်ရွက်နေခဲ့ရလို့ နယူးကာဆယ်အသင်းရဲ့ အခြေအနေကို ခွင့်ပြုချက်ပေးဖို့ နှောင့်နှေးနေခဲ့တာလည်းဖြစ်ပါတယ်။ ဒီအရောင်းအဝယ်နဲ့ပတ်သက်ပြီးတော့ ကန့်ကွက်မှုတချို့လည်းရှိနေခဲ့ကာ အထူးသဖြင့် ဆော်ဒီနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အားကစားပြိုင်ပွဲတွေကို တရားမဝင်ခိုးယူပြသနေတဲ့အချက်တွေကြောင့်လည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဟာ အသင်းကိုဦးဆောင်မယ့်ပုဂ္ဂိုလ်တွေနဲ့ ဒါရိုက်တာတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးဖြစ်ကာ သတ်မှတ်ချက်နဲ့ညီညွှတ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လက်လွှဲရောင်းချမှုအတွက် စာရွက်ပေါ်မှာတော့ ကိစ္စအားလုံးပြီးစီးခဲ့ပြီလို့ဆိုကာ ဇွန်လ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်သွားမယ်လို့ မျှော်လင့်ရပါတယ်။ 

နယူးကာဆယ်အသင်းပရိသတ်အများအပြားကတော့ မိုက်အက်ရှ်လေရဲ့ ချုပ်ကိုင်ထားမှုတွေ အဆုံးသတ်တော့မယ့်အပေါ်မှာ ဝမ်းမြောက်နေကြပါတယ်။ အသင်းပို်င်ရှင်သစ်လက်ထက်မှာ အင်အားကြီးအသင်းတစ်သင်းဖြစ်လာဖို့နဲ့ နာမည်ကျော်ကစားသမားတွေရောက်ရှိလာဖို့အတွက်ကိုလည်း နယူးကာဆယ်ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က