ဆိုင်းငံ့ထောင်ဒဏ် ၂၁လနဲ့ ၁ဝရက်ချမှတ်ခံခဲ့ရတာပါ။
Pyae Phyo Thein

ပထမဆုံးပြစ်မှုဖြစ်ခြင်း၊ စွဲချက်မှာပါဝင်တဲ့အချက်အလက်တချို့လွဲမှားနေခြင်းတို့ကြောင့် ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့တာလို့လည်းသိရပါတယ်။


ယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားဟာ ဂရိမှာဖြစ်ပွားခဲ့တဲ့ ပြသနာအတွင်း ရဲအရာရှိတွေကို ပြန်လည်ခုခံမှု၊ လာဘ်ထိုးဖို့ကြိုးစားခဲ့မှု၊ ပြည့်သူဝန်ထမ်းများအပေါ် အကြမ်းဖက်မှု၊ စော်ကားမှုတွေကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁လနဲ့ ၁၀ ရက် ချမှတ်ခံခဲ့ရပြီး အင်္ဂလန်အသင်းလူစာရင်းကနေလည်း ထုတ်ပယ်ခံခဲ့ရပြီဖြစ်ပါတယ်။ 

BBC ရဲ့ ဖော်ပြချက်အရ အင်္ဂါနေ့က စီရင်ချက်အပြီးမှာ မက်ဂွိုင်းယားက အယူခံဝင်ဖို့အတွက် ချက်ချင်းပဲ သူ့ရဲ့ရှေ့နေကို ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့အပြစ်ကင်းစင်မှုကို ကျွန်တော်ခိုင်ခိုင်မာမာပဲ ယုံကြည်မှုရှိနေပါတယ်" လို့ မက်ဂွိုင်းယားက ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။ 

ဒါပေမယ့် အခုလိုပြစ်ဒဏ်ချမှတ်ခဲ့အပြီးမှာတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ မက်ဂွိုင်းယားကို အသင်းလူစာရင်းကနေ ပြန်လည်ထုတ်ပယ်သွားခဲ့ပါတယ်။ အိုက်စလန်၊ ဒိန်းမတ်တို့နဲ့ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် အစောပိုင်းမှာ မက်ဂွိုင်းယားကို ရွေးချယ်ထားခဲ့တာဖြစ်ပြီး လူစာရင်းမှာပါဝင်ပြီး နာရီအနည်းငယ်အကြာမှာပဲ ပြန်လည်ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ 

ပထမဆုံးပြစ်မှုဖြစ်ခြင်း၊ စွဲချက်မှာပါဝင်တဲ့အချက်အလက်တချို့လွဲမှားနေခြင်းတို့ကြောင့် ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့တာလို့လည်းသိရပါတယ်။ တရားရုံးကိုတော့ မက်ဂွိုင်းယားသွားရောက်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့ဖခင်ဖြစ်သူ အလန်သွားရောက်ခဲ့တယ်လို့သိရပါတယ်။ မက်ဂွိုင်းယားဟာ သူ့ရဲ့အမှုအတွက်ရှေ့နေအဖြစ် ဂရိက လူ့အခွင့်အရေးလှုပ်ရှားသူထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရှေ့နေ အလက်ဆစ်အနာနော့စ်တာကစ်ကို ငှားရမ်းထားတယ်လို့ သိရပါတယ်။ 

မက်ဂွိုင်းယားဟာ ရန်ပွဲဖြစ်ပွားအပြီး ရဲစခန်းကိုရောက်ရှိခဲ့စဉ်မှာတော့ "ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ၊ ငါက ချမ်းသာကြွယ်ဝပြီး ပိုက်ဆံပေးနိုင်ပါတယ်၊ ငါက မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ပါ" လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 


Author


က္က