ဝုလ်နဲ့ပွဲအတွက် ပြင်ဆင်မှု လုပ်ဆောင်သွားမှာပါ။

ဥရုဂွေးအသင်းနဲ့ ကစားရမယ့် ခြေစမ်းပွဲကိုမကစားတော့ပဲ ချဲလ်ဆီးအသင်းထံ စောစီးစွာ လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။

အမေရိကန်လက်ရွေးစင် ပူလီဆစ်ကတော့ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ မက္ကဆီကို၊ဥရုဂွေးအသင်းတွေနဲ့ ခြေစမ်းပွဲကစားဖို့ရှိပါတယ်။



ဒါပေမယ့်လည်း ဥရုဂွေးအသင်းနဲ့ ကစားမယ့်ခြေစမ်းပွဲကို ပါဝင်မကစားတော့ပဲ ချဲလ်ဆီးအသင်းထံ အစောဆုံး ပြန်လည်လာရောက်ပူးပေါင်းမယ်လို့ Yahoo Sport သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ချဲလ်ဆီးကစားသမားဟာ သောကြာနံနက်မှာ မက္ကဆီကိုအသင်းနဲ့ ခြေစမ်း ကစားပြီးရင် မိုင်းပေါင်း ၉၅၀ အကွာခရီးကို ဆက်လက်ခြေဆန့်ပြီး ဥရုဂွေးအသင်းနဲ့ ထပ်မံ ခြေစမ်း ကစားရမှာ ပါ။

ဥရုဂွေးနဲ့ပြီးရင်တော့ လန်ဒန်ကို အားချင်းပြန်လာရမှာဖြစ်ပြီး ဝုလ်နဲ့ မကစားမီ ၁၀ နာရီအလိုမှသာ ကလပ်အသင်းနဲ့ ပူးပေါင်းနိုင်မယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ကလပ်အသင်းနဲ့ စောလျင်စွာပူးပေါင်းပြီး ပြင်ဆင်မှု ပိုမိုလုပ်နိုင်ဖို့အတွက် ဥရုဂွေးအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲကို ပါဝင်ကစားတော့ခြင်းမပြုတော့ပဲ စောစီးစွာအသင်းနဲ့ လာပူးပေါင်းမှာလည်း ဖြစ်ပါတယ်။



ပူလီဆစ်ကတော့ နည်းပြ လမ်းပတ်လက်ထက်မှာမှ ဒေါ့မွန်အသင်းကနေ ချဲလ်ဆီးကို ရောက်ရှိလာပြီး အသင်း အတွက် အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

“ တကယ်ကို စိတ်ဝင်စားစရာပါ၊ ဒီမှာက ကျွန်တော်ထင်တာထက်ပိုပါတယ်။ မထင်မှတ်လောက်စရာတွေလည်း တွေ့ရပါတယ်။လေ့ကျင့်ရေးပိုင်းမှာလည်း အရမ်းကောင်းပါတယ်။ ဖရန့်ခ်က အရမ်းကောင်းပြီး ကျွန်တော့်ကိုလည်း အရမ်းကူညီပါတယ်။ လူငယ်တွေ များတဲ့အသင်းမှာ အထူးသဖြင့် သူက ကျွန်တော်တို့ အားလုံးကို ကူညီပါတယ်။ကျွန်တော်ပြန်လာမယ်ဆိုတာ သူသိပါတယ်။ ” လို့ ပူလီဆစ်က ပြောထားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲကစားပြီးချိန်မှာတော့ တစ်ပွဲနိုင် နှစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က