ဘောလုံးပွဲနဲ့ အခြားအားကစားပွဲတွေကို ပရိသတ် ပြန်လည်ဝင်ခွင့်ပြုလာတော့မှာပါ။

ဘောလုံးပွဲသာမက အခြားသော အားကစားနည်းတွေဖြစ်တဲ့ အမျိုးသမီးဘောလုံးပွဲ၊ရက်ဂ်ဘီ၊မြင်းပြိုင်ပွဲစတဲ့ ပွဲတွေကိုလည်း ပရိသတ်တွေအကန့်အသတ်နဲ့ ပြန်လည်ဝင်ရောက်ခွင့်ပြုမှာလို့သိရပါတယ်။

လာမယ့် စနေနေ့မှာ ကစားမယ့် ဘရိုက်တန်နဲ့ချဲလ်ဆီးအသင်းတို့ရဲ့ ခြေစမ်းပွဲကို ကွင်းအတွင်း ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ပေးမယ်လို့ သိရပါတယ်။



ဘရိုက်တန်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အေမက်စ်ကွင်းမှာ ကစားမယ့် အဆိုပါပွဲကိုတော့ လူဦးရေ အကန့်အသတ်နဲ့ စတင် ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာလို့လည်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

ဒစ်ဂျစ်တယ်၊ယဥ်ကျေးမှု၊မီဒီယာနဲ့အားကစားဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ အခုလို ပရိသတ်ဝင်ရောက်ကြည့် ရှုခွင့်ကို သတ်မှတ်ကွင်းအလိုက် တစ်ခုချင်းစီ စိစစ်လုပ်ဆောင်ပေးသွားမှာလို့လည်း သိရပါတယ်။

လာမယ့်ခြေစမ်းပွဲအတွက်ကိုမူ ဘရိုက်တန်အသင်းက အိမ်ကွင်းပရိသတ် ၂၅၀၀ ဝင်ခွင့်ပြုမှာ ဖြစ်ပြီး ကြည့်ရှုခွင့် ဦး စားပေးခံရသူတွေကတော့ တစ်ရာသီစာလက်မှတ်ဝယ်ထားသူများနှင့်အဖွဲ့ဝင်များလို့ ထုတ်ပြန်ပေးထားပါတယ်။

ဘောလုံးပွဲအပြင် အခြားသော အားကစားပြိုင်ပွဲအချို့ကိုလည်း သက်ဆိုင်ရာကွင်းအလိုက် သတ်မှတ်လူဦးရေအ တိုင်းပြန်လည်ခွင့်ပြုပေးသွားမယ်လို့လည်း သိရပါသေးတယ်။

တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ ဝက်စ်ဟမ်းအမျိုးသမီးဘောလုံးပွဲ စူပါလိဂ်ပွဲနဲ့ နန်းလိဂ် နောက်ဆုံးနေ့ပွဲ တွေကိုလည်း ပရိသတ်ဝင်ခွင့်ပြုမယ်လို့ သိရပါသေးတယ်။

စက်တင်ဘာ ၅ရက်နေ့မှာ ကျင်းပမယ့် ရက်ဂ်ဘီပွဲစဥ်ကိုလည်း ပရိသတ်၄၀၀၀ခန့် ပြန်လည် ဝင်ရောက် ကြည့်ရှု ခွင့်ရပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၉ကနေ ၁၂အထိ ကျင်းပမယ့် မြင်းစီပြိုင်ပွဲကိုလည်း ပရိသတ်တွေ ပြန်လည်စတင်ဝင်ရောက်ကြည့်ရှု ခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဗြိတိန်ကတော့ ဇွန်လ ၁ရက်က ပြန်လည်စတင်ပြီး ကွင်းပိတ်ကစားစေခဲ့ရာမှ အခုဆိုရင်တော့ ပရိသတ်တွေကို အနည်းငယ်ကစပြီး ပြန်လည်ဝင်ရောက်ခွင့်ပြုလာတာပါ။

နောက်လတွေမှာ ကျင်းပမယ့် ဘက်စကတ်ဘောနဲ့အခြားသော အားကစားနည်းတွေမှာလည်း ပရိသတ်တွေ ဝင်ရောက်ခွင့်ပြန်လည်ခွင့်ပြုမယ်လို့ သိရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က