၇ ပွဲဆက်အနိုင်ရရှိတဲ့ နည်းပြဖြစ်လာခဲ့တာဖြစ်ပါတယ်။
Kg Htet

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ပထမပိုင်း စတင်ချိန်ကတည်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ၂၇ မိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောကနေတဆင့် ပေါ့ဂ်ဘာက မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဖွင့်ဂိုးပေးလိုက်ရတဲ့ ဘရိုက်တန်အသင်းဟာ ချေပဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပြီး ၄၂ မိနစ်မှာ ဒါလော့ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ရက်ရှ်ဖို့ဒ်က ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘရိုက်တန်အသင်းက အိမ်ရှင်မန်ချက်စတာယူနိုက်တက်အသင်းကို တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပြီး ၇၂ မိနစ်မှာ ပက်စ်ကယ်ဂရော့စ်က ဘရိုက်တန်အသင်းအတွက် ဒေဗီပရောပါရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ပထမချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချေပဂိုး ခွင့်ပြုခဲ့ရပြီးနောက် ဘရိုက်တန်အသင်းဘက်ကို နောက်ထပ်ဦးဆောင်ဂိုးတွေ ထပ်မံသွင်းယူဖို့ ကြိုးပမ်းခဲ့ပြီး အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ ဘရိုက်တန်အသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့သမိုင်းတလျှောက်မှာ ပထမဆုံးကိုင်တွယ်တဲ့ ၆ ပွဲဆက်တိုက် အနိုင်ရရှိတဲ့ နည်းပြဖြစ်လာခဲ့ပြီး သမိုင်းမှတ်တမ်းအသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က