ဘရိုက်တန်ကို ရှုံးတဲ့ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် JJO အကျီ ၤကိုတော့ ကြော်ငြာမော်ဒယ် အဖြစ် ကိုယ်တိုင်သရုပ်ဆောင် ရိုက်ကူးနေခဲ့တာကိုပရိသတ်တွေက မကျေမနပ် ဖြစ်နေပါတယ်။
Photo - Daily Mail
ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်ခဲ့တဲ့ တိုက်စစ်မှူး ဆန်းချက်ကတော့ လက်ရှိမှာ ၎င်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ် သက်ပြီး ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
2018 UEFA President’s Award အတွက် ဘက်ဟမ်း အရွေးခံရ
အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်အပြီး ၎င်းရဲ့ အင်စတာဂရမ်ကနေတဆင့် "လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ၊မကြာခင် မန်ယူပြန်လာ မယ်" ဆိုတဲ့ စာစုနဲ့အတူ တင်ခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
Photo - Daily Mail
လက်ရှိမှာတော့ ၎င်းအနေနဲ့ ဒဏ်ရာကြောင့် မန်ယူအသင်းရဲ့ပွဲကို ပါဝင်မကစားပေးနိုင်ခဲ့ဘူး ဆိုပေမယ့်လည်း ၎င်းရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် JJO ဝတ်စုံကိုတော့ ကြော်ညာခဲ့ပါသေးတယ်။
အဆိုပါ ကြော်ညာဗီဒီယိုမှာတော့ ဆန်းချက်တစ်ယောက် ကိုယ်တိုင် မော်ဒယ်လုပ်ပါဝင်ထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပြီး ဒါပေမယ့်လည်း အဆိုပါ ဗီဒီယိုထွက်ပေါ်လာချိန်မှာတော့ မမျှော်မှန်းထားတဲ့ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အာဆင်နယ် ကစားသမာဟောင်းတစ်ဦးဖြစ်တဲ့ ဆန်းချက်ကို မန်ယူအသင်းက တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ နဲ့ ခေါ်ယူထားတာလည်း ဖြစ်ပါ တယ်။
ဒါကြောင့် ပရိသတ်အချို့ကတော့ လူမှုကွန်ရက်မှာ - ဆန်းချက်ကို မလိုတော့ဘူး၊ ငြီးငွေ့ဖွယ်ကောင်းတယ်၊ဟိုနေ့က ငါတို့ရှုံးတော့ မင်းက လူမှု ကွန်ရက်မှာ မလုပ်ရှုပ်နေတယ်၊မင်းမကစားနိုင်ရင်တောင်မှ အနည်းဆုံးတော့ အရှုံးအပေါ် တာဝန်ယူမှု၊အခြား စိတ်ခံစားချက် တစ်ခုခုကိုတော့ လူမှုကွန်ရက်မှာ ဖော်ပြသင့်တယ်၊ စတဲ့ စိတ်ခံစားချက်တွေကို ရေးသားဖော်ပြလာခဲ့ကြတာကိုလည်းတွေ့ရပါတယ်။
ဆန်းချက်ရဲ့ ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ နည်းပြ မော်ရင်ဟိုက ထုတ်ဖော်ပြောခြင်းမရှိပဲ ဆန်းချက်ဖက်က ကာကွယ်ပေးနေခဲ့ တယ်လို့လည်းသိရပါတယ်။
"ဘရိုက်တန်ကို ရှုံးတဲ့နေ့က ဆန်းချက် မကစားနိုင်ခဲ့တာ မဖြစ်သင့်ပေမယ့် လာမယ့် စပါးပွဲမှာလည်း ပါဝင်ဖို့ မသေချာပဲ လွဲချော်ဖို့ အလားအလာ မှာ ရှိနေပါသေးတယ်။" လို့ မော်ရင်ဟိုက ဘရိုက်တန်နဲ့ပွဲအပြီးတုန်းက ပြောခဲ့ပါတယ်။
မန်ယူအသင်းကတော့ လက်ရှိမှာ ၂ ပွဲကစား တစ်ပွဲနိုင် တစ်ပွဲရှုံး ၃ မှတ်ရထားပြီး အဆိုပါ ရလဒ်ကို ပရိသတ်တွေက မကျေနပ်ကြပဲ မော်ရင်ဟို ကို မန်ယူအသင်းက လမ်းခွဲတော့မယ်ဆိုတဲ့ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။