ဘရိုက်တန်အသင်းက အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။
Pyae Phyo Thein

အင်္ဂလန်မှာ ဘောလုံးပွဲတွေကို ပြန်လည်စတင်ဖို့အတွက် အစိုးရဆီက ခွင့်ပြုချက်ကို ရရှိဖို့နီးစပ်နေချိန်မှာ ဘရိုက်တန်အသင်းရဲ့ သတင်းဆိုးတွေထွက်လာခဲ့တာဖြစ်ပါတယ်။ 


ဘရိုက်တန်အသင်းရဲ့ ကစားသမားတွေဆီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းတွေအတည်ပြုနိုင်ခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ်ပွဲတွေကို ပြန်လည်ကစားဖို့အတွက် ကစားသမားတွေက ကြောက်ရွံ့ထိတ်လန့်နေကြပြီဖြစ်ပါတယ်။ အင်္ဂလန်မှာ ဘောလုံးပွဲတွေကို ပြန်လည်စတင်ဖို့အတွက် အစိုးရဆီက ခွင့်ပြုချက်ကို ရရှိဖို့နီးစပ်နေချိန်မှာ ဘရိုက်တန်အသင်းရဲ့ သတင်းဆိုးတွေထွက်လာခဲ့တာဖြစ်ပါတယ်။ 

ဒီအတွက် ကစားသမားတွေက သူတို့အနေနဲ့ ဘယ်အချိန်မှာလေ့ကျင့်ခန်းပြန်ဆင်းပြီး ဘယ်တော့ပြန်လည်စတင်ကစားရမလဲဆိုတာကို ပြတ်ပြတ်သားသားပြောဆိုဖို့အတွက် အလိုရှိနေတယ်လို့ Sky Sprots က ဖော်ပြခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ အစည်းအဝေးတွေထပ်မံပြုလုပ်သွားဖို့လည်းရှိနေပြီး ပြန်ကစားနိုင်မယ့်နေ့ရက်အတိအကျကို သိရှိဖို့ ဆန္ဒရှိနေကြပြီလည်းဖြစ်ပါတယ်။ 

ဘရိုက်တန်အသင်းက သူတို့ရဲ့ကစားသမားဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ အတည်ပြုခဲ့ပေမယ့်လည်း အသင်းကစားသမားတွေအနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီ ပြုလုပ်နေတဲ့ လေ့ကျင့်မှုတွေကိုတော့ ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဇွန်လလယ်လောက်မှာ ပြန်လည်ကစားဖို့ စီစဉ်ထားပေမယ့် မထင်မှတ်ဘဲ ဒီကိစ္စပေါ်ပေါက်ခဲ့ပြီးနောက်မှာ ကလပ်အသင်းတွေကြားမှာလည်း စိုးရိမ်မှုတွေက ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ 

Sky Sports ကတော့ ကလပ်အသင်းတွေအနေနဲ့ COVID-19 ကို ထိန်းချုပ်နိုင်မယ့် မူဝါဒကို ချမှတ်ပေးဖို့လိုအပ်တယ်လို့ ယူဆနေကြပြီး အသင်းလေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်း ၇၅ မိနစ်အထိသာ ပြုလုပ်ဖို့အတွက် အဆိုပြုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်ခုရဲ့ ပိုင်ရှင်ကတော့ တကယ်လို့ ပွဲတွေမကစားခဲ့ရဘူးဆိုရင် ကစားသမားတွေကို လစာပေးသွားမှာမဟုတ်ဘူးလို့ သူတို့သတင်းဌာနက ဖွင့်ဟခဲ့ကြောင်းလည်း Sky Sports က ရေးသားဖော်ပြခဲ့ပါတယ်။ 

ဘရိုက်တန်ကစားသမားတွေဆီမှာ တွေ့ရှိခဲ့ရတဲ့ အကျိုးဆက်အဖြစ် ပရီးမီးယားလိဂ်ပွဲတွေကို မူလစီစဉ်ထားတဲ့ရက်ထက် နောက်ကျပြီးမှ ကစားရစေဖို့လည်း ဖြစ်လာသလို အပြီးတိုင်ဖျက်သိမ်းနိုင်တဲ့ အခြေအနေမျိုးထိလည်း ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ လာမယ့်ရက်သတ္တပတ်တွေမှာ ကလပ်အသင်းတွေနဲ့ ကစားသမားတွေရဲ့ အစည်းအဝေးတွေဆက်တိုက်ပြုလုပ်ပြီး အတည်ပြုဆုံးဖြတ်သွားဖွယ်လည်းရှိနေပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က