အာဆင်နယ်ကြယ်ပွင့်နောက်ခံကစားသမား ဘယ်လာရင်ဟာ ကြာသပတေးနေ့ညက ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီးနောက် အာဆင်နယ်ကစားသမားတွေဟာ ၁၀၀ ရာခိုင်နှုန်းအပြည့် ပေးဆပ်ခဲ့ကြတယ်လို့ အခိုင်အမာပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ ဆိုးရွားတဲ့ကစားပုံနဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပေမယ့် ဒုတိယပိုင်းပြန်လည်စတင်ပြီး ၅ မိနစ်မှာ လာကာဇက်ရဲ့ ချေပဂိုးကြောင့် ကစားပုံ ပြန်လည်အားကောင်းလာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဧည့်သည် ဘရိုက်တန်အသင်းအတွက် မူပေးက နောက်ကျအနိုင်ဂိုး သွင်းယူပေးသွားခဲ့တာကြောင့် အိမ်ရှင်အာဆင်နယ်အသင်းဟာ ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ််ပရိသတ်တွေဟာ ပွဲပြီးဝီစီမှုတ်ချိန်မှာ ၎င်းတို့ရဲ့ စိတ်မလိုမကျမှုကို ပြသခဲ့ပြီး ကစားသမားတွေကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။
“ဒီအပတ် ကျွန်တော်တို့ ဘယ်လောက်အထိ ကွင်းထဲမှာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြလဲဆိုတာကို ကျွန်တော် တွေးမိပါတယ်။ ကစားသမားတိုင်းက သူတို့ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပေးဆပ်ခဲ့ကြသလို နည်းပြတွေကလည်းက အတူတူပါပဲ”
“ကျွန်တော်တိ်ု့ ကွင်းထဲ ဝင်လာတဲ့အခါမှာ အားလုံးက အနိုင်ရချင်ကြပါတယ်။ အားလုံးက ဒီရှပ်အတွက် သူတို့ရဲ့အကောင်းဆုံးကို ပေးချင်ခဲ့ကြပါတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော် ပြောခဲ့သလိုပဲ အဲဒါက ပြောဖို့ ခက်ပါတယ်”
“အထူးသဖြင့် ဒုုတိယပိုင်းမှာ အသင်းက အင်အားအပြည့်နဲ့ ကစားခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ သွင်းဂိုး ခွင့်ပြုပေးခြင်းမခံခဲ့ရပါဘူး။ အဲဒါက ဘယ်လိုနည်းနဲ့မဆို ခွင့်မပြုဖို့ မှန်ကန်တဲ့ဂိုးပါ။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ အဲဒါက ကျွန်တော်တို့အတွက် လက်ခံဖို့ ခက်ပါတယ်။ ကျွန်တော်တို့ ဆက်သွားဖို့ လိုအပ်ပြီး အရှုံးမပေးနိုင်ပါဘူး။ ကျွန်တော်တို့ ဒုတိယပိုင်းကလိုမျိုး ဆက်ကစားသွားဖို့လိုပြီး ရလဒ်က ၁၀၀ ရာခိုင်နှုန်း ဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါတယ်”လို့ Amazon Prime Video ကို ပြောကြားခဲ့ပါတယ်။