အသင်းကမထွက်ခွာရအောင်ဖြစ်ပါတယ်။
Pyae Phyo Thein

အသင်းကနေ ရောင်းထုတ်ခံရဖို့ ထိပ်ဆုံးစာရင်းမှာ ရိုဟိုပါဝင်နေခဲ့ပြီး ဆိုးလ်ရှားက ဗဟိုခံစစ်မှူးသစ်ရှာဖွေနေကာ စမောလင်း၊ ဖီးလ်ဂျုံးစ်တို့နည်းတူ ကမ်းလှမ်းမှုတွေကို စောင့်မျှော်ခံနေရတာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူရိုဟိုဟာ အသင်းနည်းပြဆိုးလ်ရှားရဲ့ အထင်ကြီးမှုကို ရရှိစေဖို့အတွက် လေ့ကျင့်ခန်းအစီအစဉ်တွေမှာ နှစ်ဆပိုမိုအားထုတ်နေတယ်လို့ သိရပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ ရိုဟိုဟာ အသင်းကမထွက်ခွာစေရဖို့အတွက် အပြင်းအထန်ကြိုးစားနေတာလို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အာဂျင်တီးနားကလပ် အက်စတူဒီယန်တက်စ်အသင်းကို အငှားနဲ့သွားကစားခဲ့ရတဲ့ ရိုဟိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။ အသင်းကနေ ရောင်းထုတ်ခံရဖို့ ထိပ်ဆုံးစာရင်းမှာ ရိုဟိုပါဝင်နေခဲ့ပြီး ဆိုးလ်ရှားက ဗဟိုခံစစ်မှူးသစ်ရှာဖွေနေကာ စမောလင်း၊ ဖီးလ်ဂျုံးစ်တို့နည်းတူ ကမ်းလှမ်းမှုတွေကို စောင့်မျှော်ခံနေရတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ကစားသမားက နည်းပြဖြစ်သူရဲ့ အမြင်ကြည်လင်မှု၊ အထင်ကြီးမှုကိုရရှိဖို့အတွက် ပြင်းပြင်းထန်ထန်အလုပ်လုပ်ပြနေတယ်လို့ ဆိုပါတယ်။ ဘယ်အစွန်ခံစစ်လူအဖြစ်နဲ့ပါ ကစားနိုင်တဲ့ ရိုဟိုဟာ ယူနို်က်တက်မှာ ပုံမှန်ကစားခွင့်ရဖို့ကြိုးစားခဲ့ရသလို ဒဏ်ရာပြသနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး အာဂျင်တီးနားကို အငှာနဲ့ ပြန်ကစားခဲ့ရတာဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို ဘယ်လိုအကြောင်းကြောင်းကြောင့်မှ ဖျက်သိမ်းမှာမဟုတ်ဘူးလို့ အဖွဲ့ချုပ်က ကလပ်တွေကို သတိပေးထားပြီး တကယ်လို့ အသင်းမှာကစားသမားမလုံလောက်ပါက လူငယ်ကစားသမားတွေကို ခေါ်ယူအားဖြည့်ပြီး ကစားစေမယ်လို့ သိရပါတယ်။ ဒါကြောင့် အသင်းတွေအနေနဲ့ အပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ်ခေါ်ယူဖို့နဲ့ အသင်းကစားသမားတွေကိုရောင်းထုတ်ဖို့ကို သတိထားချိန်ဆရတော့မှာလည်းဖြစ်ပါတယ်။ 


ဒီလိုအနေအထားမှာ နောက်တန်းနေရာနှစ်နေရာမှာ ကစားနိုင်စွမ်းရှိတဲ့ ရိုဟိုအတွက် မျှော်လင့်ချက်ရှိလာခဲ့တာပါ။ ယူနိုက်တက်ဟာ ရီးရဲလ်ဘယ်အစွန်လူ ရီဂွီလွန်ကို စောင့်ကြည့်နေပြီး ခေါ်ယူလို့မရခဲ့ပါက ရိုဟိုကို အရေးပေါ်အသုံးပြုဖို့အတွက် အသင်းမှာဆက်လက်ထားဖွယ်ရှိနေပြီး ဒီအခွင့်အရေးက တဆင့် ပုံမှန်ကစားခွင့်ရအောင် ရိုဟိုက အားထုတ်နိုင်မှာဖြစ်ပါတယ်။ 


Author


က္က