ယူနိုက်တက်ဟာ အဆင့်၃နေရာက လက်စတာနဲ့ ၃ မှတ်သာကွာဟပါတော့တယ်။
Pyae Phyo Thein

လက်ရှိမှာ လက်စတာက ရမှတ် ၅၅ မှတ်နဲ့ အဆင့် ၃၊ ချယ်လ်ဆီးက ရမှတ် ၅၄ မှတ်နဲ့ အဆင့် ၄၊ ယူနိုက်တက်က ရမှတ် ၅၂ မှတ်နဲ့ အဆင့် ၅ နေရာမှာရှိနေခဲ့ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လက်စတာနဲ့ ချယ်လ်ဆီးအသင်းတို့ အဝေးကွင်းမှာ ရှုံးပွဲကိုယ်စီနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်စတာကတော့ အဲဗာတန်၊ ချယ်လ်ဆီးက ဝက်စ်ဟမ်းတို့ကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးပွဲတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဆိုင်မှုတွေက အပြင်းထန်ဆုံးအနေအထားကို ရောက်ရှိသွားခဲ့ပါပြီ။

လက်ရှိမှာ လက်စတာက ရမှတ် ၅၅ မှတ်နဲ့ အဆင့် ၃၊ ချယ်လ်ဆီးက ရမှတ် ၅၄ မှတ်နဲ့ အဆင့် ၄၊ ယူနိုက်တက်က ရမှတ် ၅၂ မှတ်နဲ့ အဆင့် ၅ နေရာမှာရှိနေခဲ့ပါတယ်။ အဆင့် ၆ နေရာမှဆိုရင်လည်း ဝုလ်ဗ်က ယူနိုက်တက်နဲ့ ရမှတ်တူညီိနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ၂နေရာအတွက် အဆိုပါအသင်းလေးသင်း အပြိုင်အဆိုင်ဖြစ်နေပြီဖြစ်ပါတယ်။ 

ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာကတော့ ခြေစွမ်းဆက်တိုက်ကျဆင်းနေပြီး မရပ်တန့်ခင်ကာလက ပြသခဲ့တဲ့ခြေစွမ်းမျိုးပျောက်ဆုံးနေခဲ့ပါတယ်။ ဒီအတွက်ကြောင့် နိုင်ပွဲတွေပုံမှန်ယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့က လိုက်မီခဲ့တာဖြစ်ပါတယ်။ လမ်းပတ်အတွက်လည်း ညက ရှုံးပွဲကတော်တော်လေးပေးဆပ်မှုကြီးမားခဲ့ပြီး အဆင့် ၃နေရာကို တက်လှမ်းခွင့်ဆုံးရှုံးခဲ့ရပါတယ်။

ယူနိုက်တက်အတွက်တော့ အဆိုပါအသင်းနှစ်သင်းရဲ့ ရှုံးနိမ့်မှုက ချိုမြိန်မှုဖြစ်ခဲ့ပါတယ်။ အမှားအယွင်းမရှိဘဲ ဘရိုက်တန်ကို အနိုင်ကစားထားပြီးခဲ့ချိန်မှာ အပေါ်နှစ်သင်းစလုံးအရေးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က ပိုမိုပြီးအားကောင်းခဲ့ပြီဖြစ်ပါတယ်။ လက်စတာဟာ အဲဗာတန်ကို ၂-၁၊ ချယ်လ်ဆီးက ဝက်စ်ဟမ်းကို ၃-၂ တို့နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဆိုးလ်ရှားအတွက်တော့ ကျေနပ်စရာရလဒ်တွေဖြစ်ခဲ့ရပါတယ်။ 


Author


က္က