လမ်းပတ်အပေါ် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Pyae Phyo Thein

ရွိုင်ကိန်းက လမ်းပတ်ရဲ့ ပွဲဦးထွက်ရာသီမှာ ကစားသမားသစ်တွေခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ အသင်းရဲ့အကောင်းဆုံးကစားသမားဟာဇက်ကိုပါ ဆုံးရှုံးခဲ့ရတာကို ထောက်ပြခဲ့ပါတယ်။


လမ်းပတ်ရဲ့ ချယ်လ်ဆီးနည်းပြဘဝပထမဆုံးရာသီဟာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားနဲ့ လမး်ပတ်တို့ဟာ နောက်ဆုံးပွဲစဉ်မှာ ပြိုင်ဘက်တွေကို ကိုယ်စီအနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ကြပါတယ်။ 

ဒါပေမယ့်လည်း ရွိုင်ကိန်းက လမ်းပတ်ရဲ့ ပွဲဦးထွက်ရာသီမှာ ကစားသမားသစ်တွေခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ အသင်းရဲ့အကောင်းဆုံးကစားသမားဟာဇက်ကိုပါ ဆုံးရှုံးခဲ့ရတာကို ထောက်ပြခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ ရာသီအစမှာပဲ ကစားသမားသစ် ၃ဦးကို ခေါ်ယူခဲ့ပြီး အင်ပြည့်အားပြည့်နဲ့ ပွဲထွက်နိုင်ခဲ့တာဖြစ်ပါတယ်။

"ဖရန့်အတွက် ပိုပြီးတော့ကောင်းမွန်ခဲ့ပါတယ်၊ သူတို့ကို အဆင့်လေးနဲ့ မနီးမဝေးနားမှာပဲရှိမယ်လို့ မျှော်လင့်ခဲ့တာပါ၊ ဒါပေမယ့် သူတို့ကကောင်းကောင်းကစားနိုင်ခဲ့ပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်၊ ကြီးမားတဲ့ဆုံးဖြတ်မှုတွေကို သူ ချမှတ်နိုင်ခဲ့ပြီး လူငယ်ကစားသမားတွေ အများအပြားကိုလည်း ပွဲထွက်နိုင်ခဲ့ပါတယ်၊ ကစားသမားကောင်းတွေ၊ အရည်အသွေးကောင်းတွေဖော်ထုတ်ခဲ့တာပါ"

"ဒါပေမယ့် သူတို့မှာ အခွင့်အရေးရဖို့တော့ လိုအပ်နေပါသေးတယ်၊ သူတို့က အမှတ်ပေးဇယားအဆင့်လေးမှာ ရပ်တည်နိုင်ခဲ့ပြီး တကယ်လို့သာ အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ကြီးမားတဲ့အောင်မြင်မှုဖြစ်လာပါလိမ့်မယ်၊" လို့ ရွိုင်ကိန်းက Sky Sports ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ 

ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ တစ်ရာသီလုံးမှာ ခြေစွမ်းပိုင်းအတက်အကျတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ဇန်နဝါရီကစကာ နိုင်ပွဲဆက်ခဲ့ပြီး ခြေစွမ်းပိုင်းတည်ငြိမ်ခဲ့လို့ အဆင့် ၃နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားအတွက်တော့ ကျေနပ်စရာအနေအထားတစ်ခုဖြစ်ပြီး ဝေဖန်မှုတွေမှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။ 


Author


က္က