အသင်းလူငယ်ကစားသမားတွေအတွက် အဖိုးမဖြတ်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
Kg Htet

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန်ရိုက်ဟာ ယခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ရိုးမားကွင်းလယ်ကြယ်ပွင့် ဒီရော့ဆီကို ခေါ်ယူဖို့ အာဆင်နယ်နည်းပြ အမ်မရီကို တောင်းဆိုခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရိုးမားအသင်းဟာ အသင်းအတွက် နှစ်ပေါင်းများစွာကစားပေးခဲ့တဲ့ ဒီရော့ဆီကို စာချုပ်သစ် မချုပ်ဆိုဖို့အတွက် ဆုံးဖြတ်လိုက်တာကြောင့် ဒီရော့ဆီဟာ ရိုးမားအသင်းအတွက် ၁၈ နှစ်ကြာကစားပေးပြီးနောက် အသင်းကနေ ထွက်ခွာရတော့မှာဖြစ်ပါတယ်။



အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီရော့ဆီဟာ ကစားသမားဘဝကနေ အနားယူဦးမှာမဟုတ်ကြောင်း ပြောကြားထားပြီး လာမယ့်ရာသီသစ်မစတင်မီမှာ အသင်းတစ်သင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် ၂၈၈ ပွဲမှာ ၁၈၅ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူး အီယန်ရိုက်က ဒီရော့ဆီရောက်ရှိလာမှုက အမ်မရီရဲ့ လူငယ်ကစားသမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့အရာဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အာဆင်နယ်အသင်းအနေနဲ့ ရိုးမားက ဒီရော့ဆီကို ခေါ်ယူဖို့ လိုအပ်ပါတယ်”

“ကျွန်တော်တို့ သူ့ကို ၁၅ ပွဲလောက် ကစားခိုင်းလိုက်ရင် ပိုက်ဆံအများကြီး ကုန်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ဆီကနေ ရမယ့် အတွေ့အကြုံတွေက ဝီလ်လော့ခ်နဲ့ အသင်းရဲ့အခြားလူငယ်ကစားသမားတွေအတွက်တော့ တန်ဖိုးဖြတ်နိုင်မှာမဟုတ်တဲ့အတွက် ကောင်းမွန်တဲ့ငွေကြေးသုံးစွဲမှုဖြစ်လာမှာပါ”လို့ ၎င်းရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က