လက်နှစ်ချောင်းထောင်ပြခဲ့တဲ့ အပြုအမူက ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်လို့ အက်ဖ်အေက စွဲချက်တင်ပြီး ၂ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
ဒီဇင်ဘာလက မန်စီးတီးနဲ့ပွဲမှာ ပြုမူခဲ့တဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကြောင့် ဆောက်သမ်တန် တိုက်စစ်မှူး ချာလီ အော်စတင်ကို FA ကနှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
မန်စီးတီးကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့ ၆၈ မိနစ်မှာ လူစားလဲခံရချိန် ပြိုင်ဖက် မန်စီးတီး ပရိသတ်တွေကို လက် နှစ်ချောင်းထောင်ပြခဲ့တာပါ။
ဒီအပြုအမူက ရိုင်းစိုင်းတဲအပြုအမူဖြစ်တယ်လို့ အက်ဖ်အေက ဆိုခဲ့ပြီး ဒီအတွက်ကြောင့်ပဲ ချာလီကို ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။
ဒါကြောင့် ချာလီအနေနဲ့ ဆောက်သမ်တန်ကစားဖို့ ရှိတဲ့ အနီးစပ်ဆုံး ပွဲတွေဖြစ်တဲ့ လက်စတာနဲ့ ပရီးမီးယားလိဂ် ပွဲ၊ ဒါဘီနဲ့ အက်ဖ်အေ တတိယအဆင့် ပြန်ကန်ပွဲတွေကိုလွဲချော်ရဖို့ ရှိနေပါတယ်။