ချဲလ်ဆီးအသင်းဟာ ဝုလ်ကို EPL ပွဲစဉ် ၅မှာ ရင်ဆိုင်ရမှာပါ။

ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့ ချဲလ်ဆီးအသင်းရဲ့အဓိက,ကစားသမားအများစုဒဏ်ရာ   ပြဿနာနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့အဓိကပွဲထွက်ကစားသမားအများစုအနေနဲ့ နိုင်ငံတကာပွဲရက်သတ္တပတ်တွင် လက်  ရွေးစင်အသင်းများကို ကိုယ်စားပြုကစားပေးရင်း ဒဏ်ရာပြဿနာအသီးသီးရှိလာခဲ့တဲ့အတွက် ဝုလ်  ကို ရင်ဆိုင်ရမယ့် ပွဲထွက်လူစာရင်းအတွက် အခက်အခဲအချို့ရှိလာခဲ့ပြီဖြစ်တယ်လို့ TheSun ကသုံ း သပ်ဖော်ပြလာပါတယ်။

အသင်းရဲ့အဓိကပွဲထွက်ကစားသမားတွေဖြစ်တဲ့ အီတလီနောက်ခံလူအီမာဆင်၊ ပြင်သစ်ကွင်းလယ်လူ  ကန်တီ၊ ဂျာမနီနောက်ခံလူ ရူဒီဂါ၊ စပိန်တောင်ပံကစားသမားပက်ဒရိုတို့အနေနဲ့ ဒဏ်ရာပြဿနာရှိနေခဲ့  တဲ့အတွက် လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။



လက်ရှိချဲလ်ဆီးအသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာ ၉ဦးအထိရှိနေခဲ့ပြီးပွဲထွက်ကစားနိုင်တဲ့ က  စားသမား ၆ဦးအထိပါဝင်နေခဲ့တာက နည်းပြလမ်းပတ်အတွက်လည်း ကစားသမားရွေးချယ်မှုပိုင်း အခ က်အခဲအချို့ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၄အပြီးနိုင်ပွဲ ၁ပွဲတည်းသာရရှိထားတဲ့ ချဲလ်ဆီးအသင်းအနေနဲ့  လာမယ့် ပွဲစဉ် ၅မှာဝုလ်ဗာဟမ်တန်အသင်းနဲ့ရင်ဆိုင်ရမယ့်အပြင် ပွဲစဉ် ၆တွင်လည်း လီဗာပူးအသင်းနဲ့ကစားရဖို့ရှိေ နတဲ့အတွက် ပွဲကြပ်ကာလတစ်ခုကို ဖြတ်သန်းရဖို့ရှိနေတာပါ။

ဒဏ်ရာရကစားသမားများတွင် အီမာဆင်၊ ပက်ဒရိုတို့မှာ အချိန်ကာလတစ်ခုအထိအနားယူရဖို့ရှိနေပြီး  နောက်ခံလူရူဒီဂါကတော့ လာမယ့်ပွဲစဉ်မှာပါဝင်နိုင်ခြေရှိနေတယ်လို့လည်း ချဲလ်ဆီးဆေးအဖွဲ့ကအတ  ည်ပြုထားပါတယ်။



က္က