loading...

loading...

loading...

၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ကာဗာနီရဲ့ လက်ထောက်နဲ့ ပုံမှန်အဆက်အသွယ်ရှိတယ်လို့ Metro က ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ကာဗာနီကို ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။

ဥရုဂွေးလက်ရွေးစင်ကြယ်ပွင့် ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပစ်မှတ်စာရင်းထဲမှာ ကာလရှည်ရှိနေခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၀ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ယခုနွေရာသီမှာ ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကာဗာနီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ၎င်းအနေနဲ့ အေးဆေးဖြစ်နေကြောင်းနဲ့ ပီအက်စ်ဂျီအသင်းမှာသာ ဆက်လက်ရှိနေလိုကြောင်း L’Equipe ကို ပြောကြားခဲ့ပါတယ်။

“ဒီမှာ ကျွန်တော့်ရဲ့စာချုပ်က ရှိပါသေးတယ်။ နောက်ထပ်တစ်နှစ်ပေါ့။ ကျွန်တော် ကောင်းမွန်နေပါတယ်။ အေးလည်းအေးဆေးဖြစ်နေပါတယ်။ ဒီအသင်းမှာ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ အဲဒါတွေအားလုံးကို ဘေးဖယ်ထားလိုက်ရင် ဘောလုံးမှာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး”လို့ Canal+ ကို ပြောကြားခဲ့ပါတယ်။

ကာဗာနီအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ဆက်လက်ရှိနေလိုကြောင်း ပြောကြားထားပေမယ့် ပီအက်စ်ဂျီအသင်းဆီက နောက်ထပ်စာချုပ်သစ် ကမ်းလှမ်းမှုမရှိတာကြောင့် ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က