ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့ကစားနိုင်ခြေအများဆုံးရှိနေခဲ့တာပါ။
Win Kyaw Min

လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ကော့တင်ဟိုကို ခေါ်ယူလိုတဲ့ အသင်းများစွာရှိနေခဲ့ပြီး တရားဝင်ကမ်းလှမ်းမှုအချို့ရရှိထားပြီးဖြစ်တယ်လို့အေးဂျင့်ဖြစ်သူကအတည်ပြုထားပါတယ်။

လီဗာပူးအသင်းအနေနဲ့ ကစားသမားဟောင်းဖြစ်သူ ကော့တင်ဟိုကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ သတင်းထွ က်ပေါ်မှုများရှိခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာတရားဝင်ကမ်းလှမ်းမှုများမရှိခဲ့သဖြင့် အပြောင်းအ ရွှေ့ဖြစ်ပေါ်ဖို့ အခွင့်အလမ်းအနည်းဆုံးဖြစ်လာခဲ့ပြီလို့ thesun က သုံးသပ်ဖော်ပြလာပါတယ်။

ဘာစီလိုနာအသင်းသို့ရောက်ရှိသွားခဲ့ပြီးနောက် နည်းပြဗယ်ဗာဒီနဲ့အကြားအဆင်မပြေမှုများကြောင့်ဘိုင်ယန်မြူး နစ်အသင်းသို့ အငှားစေလွှတ်ခြင်းခံထားရတဲ့ ကော့တင်ဟိုအနေနဲ့ လက်ရှိနည်းပြသစ်ဆက်တီယန်ရဲ့ကစားကွ က်တွင်လည်း အံကိုက်ဖြစ်ဖို့ မလွယ်ကူတဲ့အခြေအနေတွေကြောင်း အသင်းကနေထွက်ခွာခွင့်ပြုခံရဖွယ်ရှိနေသူလည်းဖြစ်ပါတယ်။



လီဗာပူးအသင်းနဲ့နီးစပ်တဲ့သတင်းတွေအရ နည်းပြဂျာဂင်ကလော့ပ်ကိုယ်တိုင်က ကော့တင်ဟိုကို ပြန်လည်ခေါ် ယူမယ့် အစီအစဉ်ကိုနောက်ဆုတ်လိုက်ပြီဖြစ်ပြီး အသင်းရဲ့ကစားကွက်အတွင်းအံဝင်မယ့် အခြားကစားသမား သစ်အချို့ကိုသာ ကမ်းလှမ်းမှုပြုလုပ်ဖို့ရှိိနေတယ်လို့ dailymirror က ဖော်ပြထားပြန်ပါတယ်။

သတင်းဖော်ပြမှုတွေအရ ဘာစီလိုနာအသင်းကိုယ်တိုင်က ကစားသမားဖြစ်သူအနေနဲ့ အသင်းသစ်ရှာဖွေနိုင်ပြီ လို့ အတည်ပြုခဲ့ပြီးဖြစ်ပြီး အေးဂျင့်ဖြစ်သူကိုယ်တိုင်ကလည်း အသင်းအချို့နဲ့ဆွေးနွေးမှုပြုလုပ်ဖို့ရှိနေတယ်လို့ အတည်ပြုမှုအချို့တုံ့ပြန်ပြုလုပ်မှုတွေရှိနေခဲ့တာပါ။

ဘာစီလိုနာအသင်းအနေနဲ့ ကော့တင်ဟိုအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁ဝဝဝန်းကျင်သတ်မှတ်ထားခဲ့တ ယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပေမယ့် လက်ရှိအငှားစာချုပ်နဲ့ကစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကေ တာ့ ကစားသမားဖြစ်သူကို အပြီးသတ်ခေါ်ယူနိုင်ရေးအတွက် ယူရိုသန်း ၁၂ဝနဲ့တရားဝင်ကမ်း လှမ်းဖို့ရှိနေတယ် လို့ Mirror ကဖော်ပြထားပြန်ပါတယ်။


Author


က္က