နောက်ကျောဒဏ်ရာရရှိထားတာပါ။

နောက်ကျော ဒဏ်ရာရရှိထားတာ ဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ရက်ရှ်ဖို့ဒ်ကို ဒဏ်ရာရှိလျက်နဲ့ ကစားခဲ့ခိုင်းတာလို့ အီယန်ရွိုက်က စွပ်စွဲထားပါသေးတယ်။

နောက်ကျောဒဏ်ရာရရှိထားတဲ့ အဓိက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ အချိန်ယူချင်သလောက် အတိုင်းအဆမရှိ ပေးသွားမယ်လို့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောလာတယ်လို့ BBC SPORT သတင်းဌာန ကဖော်ပြလာပါတယ်။



ဝုလ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲမှာ ရရှိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့်ပဲ လီဗာပူးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

ဒဏ်ရာကြောင့် ရာသီကုန်ထိ ဒါမှမဟုတ်၂၀၂၀ ယူရိုကို လွဲချော်ရဖို့ထိ ရှိနေပြီလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ဆိုးလ်ရှားက ငြင်းဆိုခဲ့ပြီး  အနည်းဆုံး ၆ ပတ်ခန့် အနားယူရမယ်လို့တော့ ဆိုးလ်ရှားက ဆိုပါတယ်။

“မားကပ်စ်အနေနဲ့ ကျေနပ်တဲ့အထိ အနားယူဖို့ လိုပါတယ်၊သူ့ကို အတင်းအကြပ် မလုပ်ဆောင်ချင်ပါဘူး။သူ ပြန်လာတဲ့အခါ ၁၀၀ရာခိုင်နှုန်းရှိနေစေချင်ပါတယ်။”လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။



ဆိုးလ်ရှားအနေနဲ့ မားကပ်စ်ကို ဒဏ်ရာရှိလျက်နဲ့ ဝုလ်နဲ့ပွဲကို ပါဝင် ကစားခိုင်းခဲ့တာလို့တော့ အာဆင်နယ်နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အီယန်ရွိုက်က စွပ်ဆွဲပြောဆိုခြင်းကို ခံထားရပါတယ်။

ဒီစွပ်စွဲမှုတွေကိုတော့ နော်ဝေးလ်နည်းပြက ငြင်းဆန်ထားပြီး သူ့အနေနဲ့ အသင်းအတွက်ပဲ ဖိအားပေးပြီး ကိုယ့် ကိုယ်ကိုတော့ အသင်းထက် ပိုဂရုမစိုက်ဖူးလို့ ပြန်ဖြေထားပါတယ်။

ယူနိုက်တက်ကတော့ လာမယ့် ၂၃ ရက်နေ့မှာ ဘန်လေအသင်းနဲ့ ပရီးမီးယးလိဂ်ပွဲစတင်ကစားရဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က