တယောက်လျော့နဲ့ ဒုတိယပိုင်းကို ကစားခဲ့ရတာပါ။

ပထမပိုင်းနာကျင်အချိန်ပိုမှာ ရီဆီဂျိမ်းစ်က ဂိုးဝင်တော့မယ့်အလုံးကို လက်နဲ့ပုတ်ထုတ်ခဲ့တယ်ဆိုကာ အနီကတ်ပြခံခဲ့ရပြီး ပင်နယ်တီပါပေးခဲ့ရပါတယ်။


လီဗာပူးလ်နဲ့ပွဲမှာ နောက်ခံလူရီဆီဂျိမ်းစ်ထုတ်ပယ်ခံခဲ့ရပေမယ့် ထိုက်တန်တဲ့ရမှတ်ကို ရယူနိုင်ခဲ့တယ်လို့ ချယ်လ်ဆီးနည်းပြတူချယ်လ်က ပြောဆိုလိုက်ပါတယ်။ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးက ကိုင်ဟာဗက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာ ရီဆီဂျိမ်းစ်က ဂိုးဝင်တော့မယ့်အလုံးကို လက်နဲ့ပုတ်ထုတ်ခဲ့တယ်ဆိုကာ အနီကတ်ပြခံခဲ့ရပြီး ပင်နယ်တီပါပေးခဲ့ရပါတယ်။

ဒီပင်နယ်တီကို ဆာလာက ကန်သွင်းယူခဲ့ပြီးတော့ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းတစ်ပိုင်းမှာလုံး ချယ်လ်ဆီးက တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး လီဗာပူးလ်ရဲ့ တဖက်သတ်ဖိအားပေးမှုကို ခံခဲ့ရပေမယ့် ကြံ့ကြံ့ခံနိုင်ခဲ့ပြီး အဝေးကွင်းမှာအဖိုးတန်သရေတစ်မှတ်ကို ရယူနိုင်ခဲ့ကာ သူတို့ရဲ့ ခံစစ်ပိုင်းမာကျောမှုကို ပြသနိုင်ခဲ့တယ်လို့ တူချယ်လ်က အကောင်းမြင်ပြောဆိုခဲ့ပါတယ်။ 


"အနီကတ်၊ အဲဒါက စည်းကမ်းဟုတ်လား၊ မဟုတ်ဘူးလားတောင် ကျွန်တော်မသိတော့ပါဘူး၊ ဆုံးဖြတ်ချက်ကို လက်ခံဖို့လိုပါတယ်၊ လှုပ်ရှားမှုပုံရိပ်တွေက သူ့စိတ်ကို ပြောင်းလဲသွားစေနိုင်တာမျိုးဖြစ်နိုင်ပါတယ်၊ ပုံမှန်ဆိုရင်တော့ စောစောစီးစီးအနီကတ်ထိတာမျိုးကို ကျွန်တော်မကြိုက်ဘူး၊ ပွဲကိုပျက်စီးစေလို့ပါ၊ အဆုံးထိခက်ခဲပြီးတော့ ရင်ဆိုင်ရခကခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ မာကျောတဲ့ခံစစ်ပိုင်းကို ပြသနိုင်ခဲ့ပြီး ရမှတ်နဲ့ထိုက်တန်ခဲ့ပါတယ်
"


"ခံစစ်ပိုင်းမှာ ငါးယောက်ထားကစားဖို့ ဆုံးဖြတ်ခဲ့ပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ဖို့က မလွယ်ခဲ့ပါဘူး၊ နောက်ဆုံးငါးမိနစ်မှာ ကျွန်တော်တို့နဲ့ထိုက်တန်တာကိုရဖို့ ဆုတောင်းခဲ့ရပါတယ်၊ တကယ်ကိုခက်ခဲတဲ့ပွဲတစ်ပွဲပါပဲ၊ ဒါပေမယ့် ဒုတိယပိုင်းမှာ အရမး်တောင့်တင်းတဲ့ခံစစ်ကစားပုံကို ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်" လို့ တူချယ်လ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


ရီဆီဂျိမ်းစ််ရဲ့ အနီကတ်နဲ့ပတ်သက်ပြီး ပြသင့်၊မပြသင့်ဆိုပြီး အငြင်းပွားမှုတွေလည်းရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းခေါင်းဆောင်အက်ဇ်ပီလီကွီတာကတော့ သူတို့ဟာ ပြစ်ဒဏ်ကို ၂ဆအထိကျခံခဲ့ရတယ်လို့ ဆိုခဲ့ပြီး စိတ်အေးအေးထားကာ အဆုံးထိ အတူတကွရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုခဲ့ပါသေးတယ်။ 



က္က