loading...

loading...

loading...

မန်စီးတီးနဲ့ပွဲက ရခဲ့တဲ့ ဘယ်ဖက်ခြေကျင်းဝတ် ဒဏ်ရာအခြေအနေကို ထုတ်ပြန်ခဲ့တာပါ။
Kyaw Ko Ko Sint

မန်စီးတီးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကို ဒီမနက်က ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေ ပြုလုပ်အပြီး စပါးအသင်းက ဒဏ်ရာ အခြေအနေကို အတိအကျ သတင်းထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ်။

တိုက်စစ်မှူး ကိန်းအနေနဲ့ ဘယ်ဖက် ခြေကျင်းဝတ် အရွတ် စုတ်ပြဲတဲ့ဒဏ်ရာကို ခံစားခဲ့ရပြီ ဖြစ်တယ်လို့ စပါး အသင်းက ဒီကနေ့မှာ တရားဝင် ထုတ်ပြန်လိုက်တဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါ တယ်။

မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲမှာ ပွဲချိန်အတွင်း ပြိုင်ဖက်ကစားသမား ဒီလပ်ဖ်နဲ့ ဘောလုံးယှဉ်လုရင်း ဘယ်ဖက်ခြေကျင်းဝတ် ဒဏ်ရာရသွားတာပါ။

ဒဏ်ရာရရခြင်း လူစားလဲခဲ့ကာ ဥမင်လှိုင်အတွင်း တန်းဝင်ခဲ့တဲ့ ကိန်းကို အကူအညီပေးခဲ့ရပြီး အိမ်အပြန်မှာ လည်း ပတ်တီးစည်းပြီး ချိုင့်ထောင့်နဲ့ ပြန်ခဲ့ရတာပါ။

ဒါပေမယ့်လည်း ဒီကနေ့မှ စပါးအသင်းက ကိန်းရဲ့ ခြေကျင်းဝတ်ကို ဓာတ်မှန်ရိုက်စစ်ဆေးမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကို ထုတ်ပြန်လာတာပါ။

“ အနည်းငယ်တော့စိုးရိမ်စရာပါ၊ ရာသီကုန်လောက်ထိ သူ့ကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ ပြသနာကြီး မဖြစ် လာပါစေနဲ့ပဲ ဆုတောင်းရပါမယ်။” လို့ စပါးနည်းပြ ပွန်ချက်တီနိုက အဆိုပါ မန်စီးတီးနဲ့ပွဲအပြီး သတင်းစာရှင်း လင်းပွဲမှာ ပြောသွားပါတယ်။

ကိန်းက ဒီရာသီ စပါးအတွက် ၂၄ ဂိုးအထိသွင်းယူပေးထားသူဖြစ်ပြီး ဒုတိယပိုင်းမှာ ပြိုင်ဖက် ကစားသမား ဒီလပ်ဖ်နဲ့ ဘောလုံးယှဉ်လုရင်း ကိုယ့်ဘာသာ လဲကျခဲ့တာလည်း ဖြစ်ပါတယ်။

ပုံမှန် ခြေကျင်းဝတ်ဒဏ်ရာတွေက အနည်းဆုံး ၆ ပတ်လောက် နားရလေ့ရှိပြီး လက်ရှိကိန်းရဲ့ အခြေအနေက လာမယ့် ဇွန်လမှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်လောက်မှပဲ ပြန်ကောင်းနိုင်မယ့် အခြေအနေ ရှိနေပါ တယ်။

အခြားကစားသမားတစ်ဦးဖြစ်တဲ့ ဒယ်လ်အလီကလည်း ဘယ်ဖက်လက်ဒဏ်ရာက စိုးရိမ်ဖွယ်ရှိနေတယ်လို့ စပါး အသင်းက တဆက်တည်း သတင်းထုတ်ပြန်လာပါတယ်။

စပါးအသင်းနဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ဒုကျော့ကိုတော့ လာမယ့် ဧပြီလ ၁၇ ရက်နေ့မှာ မန်စီးတီးအိမ်ကွင်း မှာ ပြန်ကစားပါမယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က