ကီပါ ပွဲမဖမ်းရတာ ၃ ပွဲဆက်ရှိပါပြီ။

လမ်းပတ်ကတေ့ ဘုတ်အဖွဲ့နဲ့ ပြဿနာမရှိပဲ အတူတကွရှိနေပြီး ဒီလိုပြောခံလာရလို့ ဖိအားတစ်စုံတရာမရှိဘူးလို့ ဖြေထားပါတယ်။

Image result for kepa and lampard



အသက် ၃၈ နှစ်အရွယ် ကာဘယ်လာရိုကို ၃ ပွဲဆက် အသုံးပြုခဲ့တဲ့ လမ်းပတ်ကို ချဲလ်ဆီးဘုတ်အဖွဲ့က မူလဂိုး သမားကီပါကို ပြန်သုံးဖို့ အကြောင်းကြားလိုက်ပြီလို့ Evening Standard သတင်းဌာနက ဖော်ပြလာပါတယ်။

လမ်းပတ်က နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် ၃ ပွဲမှာ ကာဘယ်လာရိုကို သုံးခဲ့ပြီး ၁ပွဲနိင်၁ပွဲသရေ၁ပွဲရှုံးရလဒ်ကို ပိုင် ဆိုင်ထားပါတယ်။

ကီပါအနေနဲ့ကတော့ ၂၀၁၈ခုနှစ်က ချဲလ်ဆီးကို ဘီလ်ဘာအိုအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ဂိုးသမားလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ၃ ပွဲဆက်ကစားထားတဲ့ ကာဘယ်လာရိုကလည်း ဒီကနေ့ညမှာ ကစားမယ့် စပါးနဲ့ပွဲမှာ ပါဝင်ကစားခွင့် ရဖို့ မျှော်လင့်နေပြီး ဘုတ်အဖွဲ့ကလည်း ကီပါကို ပြန်သုံးဖို့ ပြောထားချိန်မှာ ဖိအားရှိနေမလားဆိုတဲ့ မေးခွန်းကို တော့ “မရှိပါဘူး”လို့ လမ်းပတ်က ဖြေခဲ့ပါတယ်။

Kepa has been replaced by Willy Caballero in recent weeks.

“ ကျွန်တော် ဘုတ်အဖွဲ့နဲ့အတူတကွရှိနေပါတယ်၊အကောင်းဆုံး ဖြစ်ချင်တာပဲ ရှိပါတယ်။ကျွန်တော့်မှာ အခြား ကစားသမားတွေနည်းတူ ဂိုးသမားကိုလည်း ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ကီပါအနေနဲ့လည်း ကာဘယ်လာရိုကြောင့် အများကြီး တိုးတက်မှုတွေ ရှိပါတယ်။လေ့ကျင့်ရေးမှာ ကာဘယ်လာရိုက တွေးခေါ်မှုကောင်းတွေကိ မျှဝေပေးနိုင် ပါတယ်။အကုန်လုံးဆီက အကောင်းဆုံးတွေပဲ လိုချင်ပြီး တစ်ဦးတစ်ယောက်အတွက်တော့ အလုပ်မလုပ်ပါဘူး။” လို့ လမ်းပတ်ကပြောခဲ့ပါတယ်။

Image result for Willy Caballero

လမ်းပတ်ရဲ့ ချဲလ်ဆီးက ဒီကနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ စပါးအသင်းကို ဧည့်ခံ ကစားရမှာ ဖြစ်ပြီး လမ်းပတ် အနေနဲ့ ကီပါကို သုံးမလား ကာဘယ်လာရိုကိုပဲ ဆက်လက်အသုံးပြုသွားမလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က