ကလော့ပ်က လက်ရှိကာလမှာ ပေါင် ၁၁.၇သန်းသာ သုံးစွဲထားရပါသေးတယ်။

ချဲလ်ဆီးအသင်းက ပေါင် သန်း ၂၀၀လောက် သုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူနေချိန် လီဗာပူးအသင်းကတော့ ပေါင် ၁၁.၇သန်းတန် ကော့တက်စ် တစ်ဦးသာ ခေါ်ယူထားတဲ့အပေါ် BBC SPORTက နည်းပြကလော့ပ်ကို သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

ဒီအခါမှာတော့ ကလပ်အသင်းတစ်ခုနဲ့တစ်ခုအကြား အပြောင်းအရွှေ့ကာလမှာ မတူညီနိုင်ပဲ မိမိတို့ လီဗာပူးအသင်းမှာ နိုင်ငံတစ်ခုက ပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်တဲ့အတွက် ချဲလ်ဆီးလောက် ကစားသမား ခေါ်ဖြစ်မှာ မဟုတ်ဘူးလို့ ကလော့ပ်က ရိုးရှင်းစွာ ပြန်လည်ဖြေကြားခဲ့ပါတယ်။



“အချို့အတွက် ကိုဗစ်ကာလမှာ ဘာမှ မသေချာမရေရာပါဘူး၊ တချို့အတွက် အရေးမကြီးပါဘူး ၊ချဲလ်ဆီးလို လုပ်ဆောင် ချင်ပေမယ့်လည်း ကျွန်တော်တို့ရဲ့ မူဝါဒကို မပြောင်းချင်ပါဘူး။ကလပ်အသင်းတွေက တစ်သင်းနဲ့ တစ်သင်း မတူ ညီကြ သလို လက်ရှိ ကမ္ဘာကြီးမှာလည်း ဘာမှ မသေချာ မရေရာပါဘူး။”လို့ ကလော့ပ်က ပြန်လည်ဖြေခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ မနှစ်က ဘောလုံးရာသီမှာ နှစ်ပေါင်း ၃၀ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ဆုဖလားကြီးကို တစ်ကျော့ပြန် ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ လီဗာပူးအသင်းအောက် ရမှတ် ၃၃မှတ်အကွာ နဲ့ အဆင့် ၄သာ ရခဲ့တာပါ။

ချဲလ်ဆီးအသင်းကတော့ မနှစ်က နွေရာသီစျေးကွက်မှာ ဖီဖာက ကစားသမားအဝယ်ပိတ်ပင်ထားလို့ ဒီနှစ်မှ ပြန်ဝယ်ခွင့် ရ လာတာပါ။

လမ်းပတ်ကတော့ ဟာကင်ဇီယက်၊တီမိုဝါနာ၊ကိုင်ဟာဗက်ဇ်၊ဘန်ချီဝဲလ်၊သီယာဂိုလ်ဆေးလ်ဗားတို့ကို စုစုပေါင်း ပေါင် သန်း ၂၀၀ခန့် အကုန်ကျခံကာ ဝယ်ယူထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က