ကစားတဲ့နေရာတူနေတဲ့ စျေးကြီး ကစားသမားတစ်ယောက် ရောက်လာလို့ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို ကိုင်ဟာဗက် ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး မေဆန်မောင့်ရဲ့ ဖခင်ဖြစ်သူက လူမှုကွန်ရက် မှာ မကျေနပ်တဲ့ ပို့စ်တစ်ခုကို တင်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ကိုင်ဟာဗက်ကို လေဗာကူဆင်အသင်းကနေ ပေါင်၈၉သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ လမ်းပတ်အတွက်တော့ ယခုနှစ် နွေရာသီစျေးကွက်မှာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၂၃၀အထိ အသုံးပြုထားပြီးလည်း ဖြစ်ပါတယ်။



ဟာဗက် ရောက်ရှိလာတာက ကွင်းလယ်တိုက်စစ်နေရာမှာ ပရီးမီးယားလိဂ်ပွဲတိုင်း ကစားခွင့်ရထားတဲ့ မေဆန် မောင့်အတွက် ပြိုင်ဆိုင်မှု တစ်ခု ဖြစ်လာစေပါတယ်။

ဒါကြောင့် မေဆန်မောင့်က ဟာဗက်ရောက်လာတာနဲ့ ပတ်သက်ပြီး မပျော်မရွှင် ဖြစ်နေရတယ်လို့ မေဆန်မောင့်ရဲ့ အဖြေစ်သူ တိုနီက ငိုနေတဲ့ အီမိုဂျီလေးတွေနဲ့ ပို့စ်တင်လာတာပါ။

ဟာဗက်က တိုက်စစ်နေရာမှာ နေရာစုံ ကစားနိုင်ပေမယ့် ဟာဗက်နဲ့ နိုင်ငံတူ ကစားသမား ဝါနာကလည်း တောင် ပံနေရာစုံမှာ ကစားနိုင်တာကြောင့် လမ်းပတ်အနေနဲ့ ဟာဗက်ကို ကွင်းလယ်တိုက်စစ်မှာ ထားကစားဖို့ ပိုမို စိတ် အားထက်သန်နေတယ်လို့လည်း Daily Mailက ဖော်ပြလာပါတယ်။

မောင့်ကတော့ မနှစ်က နည်းပြ လမ်းပတ်ရဲ့ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ၂၀၁၉ ဇူလိုင်လကမှ အသင်းနဲ့ ၅နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားသူပါ။

လက်ရှိမှာတော့ မနှစ်က အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၅၃ပွဲအထိ ကစားပေးနိုင်ခဲ့တဲ့ မောင့်က သူ့ရဲ့ နေရာအတွက် ယှဥ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ထုတ်ဖော်ပြောလာပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က