ကြွေးမြီပေါင်သန်း၄ဝဝကျော်အထိ ရှိသွားခဲ့ပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့ကာလအတွင်းမှာ အသင်းဝန်ထမ်းတွေကိုလစာအပြည့်ပေးချေမှုတွေ ပြုလုပ်ထားခဲ့ပေမယ့် ယူနိုက်တက်အတွက်တော့ အခြားအသင်းတွေနည်းတူ ဘဏ္ဍာရေးပြသနာကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အသင်းရဲ့ကြွေးမြီပမာဏတိုးပွားလာခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာ ယူနိုက်တက်ရဲ့ကြွေးမြီပမာဏဟာ ပေါင် ၄၂၉.၁သန်းအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။



ပွဲနေ့တွေမှာ ရရှိခဲ့တဲ့ ဝင်ငွေတွေနည်းပါးသွားခဲ့သလို ကိုရိုနာဗီုင်းရပ်စ်ကြောင့် ဗြိတိန်ငွေကြေးစျေးနှုန်း နဲ့ ဒေါ်လာငွေကြေးအပြောင်းအလဲကြောင့်လည်း အထိနာခဲ့တယ်လို့သိရပါတယ်။ ယူနိုက်တက်အနေနဲဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ တတိယသုံးလပတ်အတွင်း ပေါင် ၂၈.၅၅သန်း ဆုံးရှုံးခဲ့ရပြီးတော့ ပြီးခဲ့တဲ့နှစ်က အဆိုပါကာလအတွင်းရရှိခဲ့တဲ့ အမြတ်ငွေ ပေါင် ၁၁သန်းထက် ၂ဆကျော်များပြားခဲ့တာဖြစ်ပါတယ်။

ရုပ်သံထုတ်လွှင့်မှုကနေ ရရှိမယ့် ဝင်ငွေကလည်း ၅၁.၇% အထိ လျော့ကျခဲ့သေးတယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း အသင်းအနေနဲ့ အကောင်းဆုံးရင်ဆိုင်နိုင်စွမ်းရှိနေဆဲဖြစ်တယ်လို့ ဒုဥက္ကဌဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်က ပြောဆိုခဲ့ပါတယ်။ "ကပ်ရောဂါစဖြစ်ချိန်ကစပြီး ယူနိုက်တက်နဲ့ ကျွန်တော်တို့ဖောင်ဒေးရှင်းက ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီနိုင်ခဲ့ပါတယ်"

"ဒီလိုပဲ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်၊ ဒီလိုလုပ်ရပ်တွေကို အသင်းရဲ့သမိုင်းတစ်လျှောက် အကြိမ်ပေါင်းများစွာပြုလုပ်ပြခဲ့ပြီး လက်ရှိစိန်ခေါ်မှုတွေကိုလည်း အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ဖြစ်လာပါလိမ့်မယ်" လို့ ဝုဒ်ဝက်ဒ်က ဆိုခဲ့ပါတယ်။ 

ယူနို်က်တက်အနေနဲ့ ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်များအရ ပြန်အမ်းငွေပေါင်သန်း ၂ဝအထိ ပေးဆောင်ရဖွယ်လည်းရှိနေပြီး အခက်အခဲတွေနဲ့ စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလအတွင်းမှာ အသင်းဝန်ထမ်းတွေကိုလစာအပြည့်ပေးချေမှုတွေ ပြုလုပ်ထားခဲ့ပေမယ့် ယူနိုက်တက်အတွက်တော့ အခြားအသင်းတွေနည်းတူ ဘဏ္ဍာရေးပြသနာကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က