ပြီးခဲ့တဲ့ရာသီမှာ စုစုပေါင်းဝင်ငွေက ၅ ဘီလီယံထိရှိခဲ့တာပါ။
Pyae Phyo Thein

၂၀၁၈-၁၉ ဘောလုံးရာသီမှာ ကလပ်အသင်းအားလုံးပေါင်းရဲ့ ဝင်ငွေဟာ ပေါင် ၅ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ စုစုပေါင်းအမြတ်ငွေဟာ ပေါင်တစ်ဘီလီယံအထိ ဆုံးရှုံးခဲ့ရတယ်လို့ ဘဏ္ဍာရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Deloitte က ခန့်မှန်းဖော်ပြသွားခဲ့ပါတယ်။ ထိပ်တန်းအသင်းတွေအနေနဲ့ ရုပ်သံထုတ်လွှင့်ကြေး၊ ပွဲနေ့ရရှိမယ့် ဝင်ငွေတွေ ဆုံးရှုံးခဲ့တာကြောင့် ပေါင်သန်း ၅၀၀ အထိ နစ်နာခဲ့ရတယ်လို့ သူတို့ရဲ့ခန့်မှန်းတွက်ချက်မှုမှာ ဖော်ပြခဲ့ပါတယ်။ 

အဆိုပါဆုံးရှုံးခဲ့ရမှုတွေကို လက်ရှိဘောလုံးရာသီနဲ့ လာမယ့်ဘောလုံးရာသီအသစ်တွေမှာ ပြန်လည်ကုစားသွားရတော့မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ ကလပ်အသင်းတွေအနေနဲ့ ပုံမှန်ရရှိနေကျဝင်ငွေရဲ့ ထက်ဝက်ခန့်ကို ရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြပြီး ကွင်းထဲကို ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်မရသေးဘူးဆိုရင်တော့ ပေါင်သန်း ၃၅ဝထိ ဆက်လက်နစ်နာနေဦးမှာလည်းဖြစ်ပါတယ်။ 

၂၀၁၈-၁၉ ဘောလုံးရာသီမှာ ကလပ်အသင်းအားလုံးပေါင်းရဲ့ ဝင်ငွေဟာ ပေါင် ၅ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ Deloitte Sports Business Group ရဲ့ အကြီးအကဲဖြစ်သူ ဒန်ဂျုံးစ်က ကလပ်အသင်းကြီးတွေရဲ့ လျော့နည်းခဲ့တဲ့ ပေါင်သန်း ၅၀၀ ထဲက သုံးပုံနှစ်ပုံဟာ ရုပ်သံထုတ်လွှင့်သူတွေကို ပြန်လည်ပေးဆပ်ရမယ့် ပမာဏဖြစ်တယ်လို့ ဆိုခဲ့ပြီး ကျန်တစ်ပုံကတော့ ပွဲနေ့တွေမှာရရှိတဲ့ ဝင်ငွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ဥရောပထိပ်တန်းလိဂ်ငါးခုရဲ့ ဝင်ငွေစုစုပေါင်းဟာ ပေါင် ၁၅ ဘီလီယံအထိ စံချိန်တင်ရှိခဲ့တယ်လို့ Deloitte က ဖော်ပြခဲ့ပြီး ဒီပမာဏဟာ ၂၀၁၇-၁၈ ဘောလုံးရာသီကထက် ၉% တိုးပွားခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းခြောက်သင်းအပါအဝင် အသင်းတိုင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဝင်ငွေဆုံးရှုံးမှုတွေကလည်း ဘီလီနဲ့ချီပြီးတော့ ရှိနေခဲ့ပြီဖြစ်ပါတယ်။


Author


က္က