အခုချိန်မှာ ‌ဘောလုံးကို ‌မေ့ထားရမယ်လို့ ဝက်ဖို့ဒ်အသင်း ဥက္ကဌက ‌ပြောလာပါတယ်။

ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်ပြည်တွင်းပွဲအားလုံးကို ဧပြီလ ၃၀ ရက်နေ့အထိ ရပ်နားထားပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းကတော့ သူတို့အသင်းရဲ့ အိမ်ကွင်းအဖြစ် အသုံးပြု နေတဲ့ ဗီကရော့ဂျ်ရုတ် ဘောလုံးကွင်းကြီးကို ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာတွေကို ထားရှိ ဆေးကုသပေးနိုင်ဖို့ အတွက် နိုင်ငံတော် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်း(NHS)ကို ခွင့်ပြုပေးခဲ့တယ်လို့ BBC Sport သတင်းဌာ နက ဖော်ပြလာပါတယ်။



လာမယ့်အပတ်ကစတင်ပြီး ဘောလုံးကွင်းဟာ ကျန်းမာရေး ယာယီစောင့်ရှောက်မှု စင်တာ ဖြစ်လာတော့မှာ ဖြစ်ပြီး ဘာပဲလိုလို ကျန်းမာရေးအတွက် အကုန် ပံ့ပိုးပေးသွားမယ်လို့လည်း ဝက်ဖို့ဒ်အသင်း စကော့ဒက်စ်ဘူရီက ဆိုလာပါ တယ်။

အဆောက်အအုံအတွင်း အသုံးပြုနိုင်မယ့် ကိစ္စတွေကတော့ ဝန်ထမ်းတွေအတွက်သင်တန်းများ ၊အရေးပေါ် အစည်း အဝေးနေရာများ၊ ကလေးသူငယ် စောင့်ရှောက်ရေး စင်တာနဲ့ ကုသရေးဆေးပစ္စည်းတွေအတွက် သိုလှောင်ရုံ ပြု လုပ်ခြင်းတို့ ဖြစ်ပါတယ်။

“အခုချိန်မှာ ဘောလုံးအကြောင်း မေ့ထားရပါမယ်၊NHS ကို ဘယ်လိုထောက်ပံ့နိုင်မလဲဆိုတာကိုပဲ တွေးထားရပါ မယ်၊အထူးသဖြင့် ဝက်ဖို့ဒ်အထွေအထွေရောဂါကုဆေးရုံကို ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာကို အလေးအနက် ထားရပါမယ်၊”လို့ စကေ့ဒက်စ်ဘူရီက ဆိုပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အင်္ဂလန် ပြည်တွင်းပွဲစဥ်အားလုံးကို ဧပြီလ ၃၀ ရက်နေ့အ ထိ ရပ်ထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က