အမျိုးသားကျန်းမာ‌ရေးဝန်ဆောင်မှုနဲ့ရဲတွေမလိုပဲ ပုံမှန်အတိုင်း ပြန်ကျင်းပဖို့ လိုပြီလို့လည်း ဆိုပါတယ်။

အမျိုးသားကျန်းမာရေးဝန်ဆောင်မှုထက် ပရိးမီးယားလိဂ်ပြိုင်ပွဲက လူတွေကို ရောဂါပိုးတိုက်ထုတ်ဖို့ ပိုမိုခွန်အား ပေးနိုင်တယ်လို့ ယုံကြည်နေတာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ဧပြီလ ၃၀ ရက်နေ့အထိ ရပ်နားထားဖို့ ဆုံးဖြတ်ထားချိန်မှာတော့ ‌ဆောာက်သမ်တန် အမှုဆောင်ချုပ် မာတင်ဆဲလ်မန်က ပရီးမီးယားလိဂ်ပြိုင်ပွဲတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အများပြည်သူ တွေအိမ်တွင်းပုန်းနေရချိန်မှာ ပြန်လည်စတင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။



မာတင်က ပရီးမီးယားလိဂ်ပွဲတွေက နိုင်ငံရဲ့ အမှတ်သင်္ကေတဖြစ်ပြီး ဘောလုံးပွဲတွေ ပြန်လာပြီဆိုရင် လူတွေအားလုံးက ပုံမှန်အခြေအနေကို ပြန်ခံစားရမယ်လို့ ယုံကြည်နေတယ်လို့လည်း BBC SPORTက ဖော်ပြလာပါတယ်။

“အများပြည်သူလုံးခြုံဖို့ ကျွန်တော်တို့ မှန်ရာကို လုပ်ဆောင်ဖို့ လိုပါတယ်။လူတိုင်းလုံခြုံပြီး အမျိုးသားကျန်းမာရေး ဝန်ဆောင်မှု(NHS)ကို မလိုတော့ဘူး၊ရဲအကူအညီကိုမလိုတော့ပဲ ဘောလုံးပွဲတွေ ပြန်စတင်ဖို့ လိုပါတယ်။ကျွန် တော်တို့က နိုင်ငံကို ဖြေ‌ဖျော်နေသူတွေပါ၊နောက်ပြီး ကျွန်တော်တို့က တိုင်းပြည်ရဲ့ အမှတ်သင်္ကေတလည်း ဖြစ်ပါတယ်။”လို့ ဆောက်သမ်တန်အမှုဆောင်ချုပ် မာတင်က ဆိုလာတာပါ။

ဗိုင်းရပ်စ်ကြောင့် အများပြည်သူ စိုးရိမ်စိတ်နဲ့ အိမ်တွင်းပုန်းနေရချိန် ပရီးမီးယားလိဂ်ပွဲတွေကို တီဗွီကနေ ကြည့်ရှု ခွင့်ရနေမယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ အချက်ဖြစ်လာမှာပါ။အကြောင်းကတော့ ကျွန်တ်ောတို့တွေက NHS ထက်ပိုပြီး အရေးပါလို့ပါ။အကြောင်းကတော့ ပြည်သူတွေကို ဖြေဖျော်ပြီး အားလုံးပြန်လာဖို့ စိတ်ဓာတ်ခွန်အား ပေးနိုင်လို့ပါ။”လို့ ၎င်းကဆက်လက်ပြောပါတယ်။

လိဂ်ပြိုင်ပွဲကို ရက်ရွှေ့ထားလို့ မူလ မေလအတွင်းပြီးတဲ့ပြိုင်ပွဲက ဇွန်လလောက်မှ ပြီးဖို့ ရှိနေပြီး အချို့အသင်းက ကစားသမားအချို့ဟာ ဇွန် ၃၀ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်လို့ ကစားသမားတွေအနေနဲ့ ရာသီသိမ်း အောင်တော့ ကလပ်အသင်းတွေကို ကစားပေးစေလိုတယ်လို့လည်း မာတင်က ဆက်လက်တောင်းဆိုခဲ့ပါ သေးတယ်။

ဇူလိုင် ၁၅ ရက်နေ့အထိ ပြိုင်ပွဲကာလမပြီးသေးဘူးဆိုရင်တော့ ဇွန် ၃၀ မှာစာချုပ်ပြည့်တဲ့ ကစားသမားတွေကို ၂ ပတ်စာချုပ်ချုပ်ဆိုပြီး ကစားနိုင်မယ်လို့လည်း မာတင်က ယုံကြည်ထားပြီး အသင်းတွေအတွက် စိန်ခေါ်မှု မဖြစ်လာနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဆောက်သမ်တန်အသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့်၁၄ နေရာရပ်တည်နေပြီး တန်းဆင်းဇုန် တိုက်ပွဲတွင်း မလွှတ်မြောက်နိုင်သေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က