ယနေ့မှာ ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့မှာ ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဝမ်ဘစ်စ်ကာကို ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့ဝက်ဘ်ဆိုက်ကနေ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝမ်ဘစ်စ်ကာဟာ ကလေးဘဝကတည်းက မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်ဖြစ်ခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်အိပ်မက်ပြဇာတ်ရုံကြီးကို အမှန်တကယ်လာရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဘစ်စကာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပဉ္စမမြောက် အကြီးမားဆုံးကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ ဘစ်စ်ကာဟာ ပြီးခဲ့တဲ့ရာသီကမှ ခရစ်စတယ်ပဲလေ့စ်ပထမအသင်းမှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး အင်္ဂလန်ယူ-၂၁ အသင်းအတွက် ၃ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။

ဝမ်ဘစ်စ်ကာက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းတရားဝင်ဝက်ဘ်ဆိုက်ကို ဘယ်လောက်အထိ ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ BBC Sports ရဲ့ဖော်ပြချက်အရ သိရပါတယ်။

“မယုံကြည်နိုင်စရာခံစားချက်ဖြစ်ပြီး ကိုယ့်ကိုကိုယ် မန်ချက်စတာယူနိုက်တက်ကစားသမားလို့ ခေါ်ရတာ ဂုဏ်ယူစရာပါ။ အလွန်နည်းငယ်တဲ့ကစားသမားအရေအတွက်လောက်သာ ဒီလို ဂုဏ်ယူစွာနဲ့ ပြောခွင့်ရကြတယ်ဆိုတာ ကျွန်တော် သိပါတယ်”

“အသင်းရဲ့လူစာရင်းနဲ့ ပေါင်းစည်းဖို့ ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအပြီးမှာ ကျွန်တော် နားရက်နည်းနည်းပဲ ရခဲ့ပေမယ့် ကျွန်တော် ရာသီကြိုခြေစမ်းပွဲစဉ်တွေအတွက် နည်းပြ၊ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးစတင်ဖို့ စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။



က္က