မဟာပြိုင်ဘက်လီဗာပူးလ်ကို ထိုးနှက်သွားခဲ့တာပါ။
Pyae Phyo Thein

သတင်းထောက်တစ်ဦးက ကလပ်ကမ္ဘာ့ဖလားနဲ့ စခိုးလ်ရဲ့ ဒေသခံကြက်တောင်ကလပ်အောင်မြင်မှုမှာ ဘယ်အရာကိုရွေးမလဲလို့ မေးမြန်းခဲ့ရာမှာတော့ စခိုးက ကြက်တောင်ဆုဖလားကိုသာ ရွေးချယ်မယ်လို့ ဖြေဆိုသွားခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးကတော့ လီဗာပူးလ်အသင်း ကလပ်ကမ္ဘာ့ဖလားရရှိခဲ့တဲ့အပေါ်မှာ ထိုးနှက်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ပြိုင်ဆိုင်မှုကြီးမားတဲ့ ယူနိုက်တက်နဲ့ လီဗာပူုးလ်တို့ရဲ့ ယှဉ်ပြိုင်မှုတွေထဲမှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့သူတစ်ယောက်ဖြစ်တဲ့ စခိုးလ်က ကြက်တောင်ပြိုင်ပွဲမှာ ရရှိတဲ့ ဆုဖလားက ပိုမိုပြီးတော့ အဓိပ္ပာယ်ပြည့်ဝတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပေါလ်စခိုးကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့အတူ ကမ္ဘာ့ကလပ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာပဲ ကာတာမှာ ကလပ်ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူတို့အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာဖြစ်ပြီးတော့ အရင်တစ်ကြိမ်ဗိုလ်လုပွဲမှာ အရေးနိမ့်ထားခဲ့ဖူးတာဖြစ်ပါတယ်။ 

"ဒီဆုဖလားကို ရယူနိုင်ခဲ့တယ်ဆိုပေမယ့်လည်း ဒါက ကျွန်တော်တို့အတွက်တော့ အပူတပြင်းရရှိဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အရာမျိုးမဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ်တွေမှာ ဘယ်ဆုဖလားကို ရရှိခဲ့မှုက အကောင်းဆုံးဖြစ်မလဲလို့ တစ်ယောက်ယောက်ကမေးလာခဲ့ရင်တောင်မှ ကလပ်ကမ္ဘာ့ဖလားကို ဖြေဆိုမယ်လို့ကျွန်တော်ကတော့ မထင်ပါဘူး"

"တကယ်ပြောတာပါ၊ ဟာသပြောတာလည်းမဟုတ်ပါဘူး၊ လီဗာပူးလ်က ဒီဆုဖလားဆွတ်ခူးနိုင်ခဲ့လို့ ပျော်ရွှင်နေတာကို မြင်ရမှာပါ၊ သူတို့တွေ အောင်ပွဲခံခဲ့ကြပြီး ဒီအတွက်လည်း ဂုဏ်ပြုပါတယ်၊ ဒါပေမယ့် ကျွန်တေ်ာတို့ ဒီဆုဖလားအတွက် ကစားခဲ့တုန်းက အရမ်းကြီးအားစိုက်ခဲ့တာမျိုးတော့မရှိခဲ့ပါဘူး" လို့ စခိုးက ပြောဆိုခဲ့ပါတယ်။ သတင်းထောက်တစ်ဦးက ကလပ်ကမ္ဘာ့ဖလားနဲ့ စခိုးလ်ရဲ့ ဒေသခံကြက်တောင်ကလပ်အောင်မြင်မှုမှာ ဘယ်အရာကိုရွေးမလဲလို့ မေးမြန်းခဲ့ရာမှာတော့ စခိုးက ကြက်တောင်ဆုဖလားကိုသာ ရွေးချယ်မယ်လို့ ဖြေဆိုသွားခဲ့ပါတယ်။ 


က္က