လက်ရှိမှာ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေခံနေရပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလအတွင်းမှာ ပိုချက်တီနိုနေရာကို အစားထိုးဝင်လာခဲ့တဲ့ မော်ရင်ဟိုဟာ စပါးမှာတော့ ရလဒ်ဆိုးတွေကြား ရုန်းကန်နေရသူဖြစ်ပါတယ်။


တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြဟိုဆေးမော်ရင်ဟိုက သူ့ကို လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်လိုမျိုး အချိန်ပေးနိုင်ခဲ့မယ်ဆိုရင် စပါးအတွက် ဆုဖလာတွေရယူပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလအတွင်းမှာ ပိုချက်တီနိုနေရာကို အစားထိုးဝင်လာခဲ့တဲ့ မော်ရင်ဟိုဟာ စပါးမှာတော့ ရလဒ်ဆိုးတွေကြား ရုန်းကန်နေရသူဖြစ်ပါတယ်။

စပါးဟာ အဆင့် ၉နေရာမှာ ရပ်တည်နေရပြီး လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ရရှိဖို့အတွက်တောင် ခက်ခဲတဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုက ကလော့ပ်ကို လီဗာပူးလ်အသင်းက ခေါ်ယူခဲ့ပြီးနောက် ကစားသမားဖြည့်တင်းပေးမှု၊ အချိန်ပေးခဲ့မှုတွေကို ညွှန်းဆိုခဲ့ပြီး သူ့အတွက်လည်း အဲဒီလိုပံ့ပိုးမှုမျိုး၊ စိတ်ရှည်မှုမျိုးပေးဖို့အတွက် အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ 

"ယာဂင်နဲ့ လီဗာပူးလ်က ဒီလိုမျိုးဖြစ်လာအောင် ဘယ်လောက်ထိအချိန်ယူခဲ့ရလဲ? လေးနှစ်ပါ၊ ဘောလုံးရာသီလေးရာသီပါ၊ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦး၊ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးကို သူတို့တွေဝယ်ယူခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ ၃နှစ်စာချုပ်အပေါ်မှာ အာရုံစိုက်ထားပါတယ်၊ ဒီကာလမှာ ကျွန်တော်ဆုဖလားဆွတ်ခူးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်"

"ကျွန်တော်မလုပ်နိုင်ဘူးဆိုရင်တော့ ဒီမှာ ၃နှစ်တည်းပဲ ရှိနေမှာပါ၊ ဒီအတွက်လည်း ကျွန်တော်ကျေနပ်မိပါလိမ့်မယ်၊ အသင်းအတွက်ပဲ ကျွန်တော်အလုပ်လုပ်နေပြီး ကိုယ့်အတွက်ကိုယ်တောင်မစဉ်းစားထားပါဘူး၊ ကျွန်တော်ပြောတဲ့ ရည်ရွယ်ချက်တွေအကုန်လုံးကလည်း အတူတူပါပဲ" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

တော့တင်ဟမ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၂ပွဲသာ အနိုင်ရရှိထားခဲ့ပြီးတော့ ရှုံးပွဲက ၅ပွဲအထိရှိထားခဲ့ပါတယ်။ လာမယ့်ပွဲစဉ်အဖြစ် လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာလည်းဖြစ်ပါတယ်။ 


Author


က္က