loading...

loading...

loading...

လေလံပွဲကိုတော့ ဧပြီလ ၂၉ရက်မှာစတင်မှာဖြစ်ပါတယ်။
Ye Yint Htay

၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဝတ်ဆင်ကစားခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာရဲ့ဖိနပ်ကို ပေါင်လေးသောင်းဝန်းကျင်နဲ့ ရောင်းချပြီး လိုအပ်တဲ့နေရာတွေအတွက် လှူဒန်းသွားမယ်လို့ The Sun ကဖော်ပြထားပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ လိုအပ်တဲ့နေရာတွေကို လှူဒန်းမှုတွေ အမြဲလိုလုပ်လေ့ရှိပါတယ်။ အခုလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဝတ်ဆင်ကစားခဲ့တဲ့ ဖိနပ်ကို လေလံတင်ရောင်းချပြီး လှူဒါန်းဖို့စီစဉ်ထားပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းဟာ ခရိုအေးရှားကို ၄-၂ ဂိုးနဲ့နိုင်ပြီး သူတို့ရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ပေါ့ဂ်ဘာကလည်း အသင်းအတွက် တတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့ဖိနပ်ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က Christie’s Paris လေလံအိမ်မှာကျင်းပမယ့်ပွဲမှာ လေလံတင်ရောင်းချမှာပါ။ ကြမ်းခင်းဈေး ပေါင် နှစ်သောင်းခွဲနဲ့ ပေါင်လေးသောင်းသုံးထောင်အကြားသတ်မှတ်ထားတယ်လို့လည်း The Sun ကဖော်ပြထားပါတယ်။ “ကျွန်တော် အခက်အခဲဖြစ်နေတယ်လူငယ်တွေ၊ အခြားသောလိုအပ်နေသူတွေအတွက် လှူဒါန်းရတာမျိုးကို လုပ်ချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းခက်ခဲတဲ့ဘဝကိုကျော်ဖြတ်ခဲ့ရတာပါ။”လို့ ပေါ့ဂ်ဘာကပြောခဲ့ကြောင်း The Sun ကဖော်ပြပါတယ်။

လေလံတင်မယ့်ဖိနပ်မှာ ပေါ့ဂ်ဘာကိုယ်တိုင်လက်မှတ်ရေးထိုးထားသလို အခြား အကျီၤခြောက်ထည်နဲ့ လက်မှတ်ထိုးထားတဲ့ ချန်ပီယံလိဂ်ဘောလုံးကိုလည်း လေလံတင်မယ်လို့သိရပါတယ်။ လေလံပွဲကိုတော့ ဧပြီလ ၂၉ရက်မှာစတင်မှာဖြစ်ပြီး ပေါ့ဂ်ဘာကတော့ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိဘူးလို့လည်း သတင်းတွေကဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က