တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူးဟယ်ရီကိန်းက သူတို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့ အသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူးဟယ်ရီကိန်းက သူတို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့ အသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နွေရာသွီှပြောင်းအရွှေ့ကာလမှာ အသင်းကိုအင်အားတောင့်တင်းအောင် ဖြည့်ဆည်းနိုင်ခဲ့ပြီးနောက် အသင်းရဲ့အနေအထားအပေါ်မှာ ဟယ်ရီကိန်းက ယုံကြည်မှုပြည့်ဝနေတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး လီဗာပူးလ်ကို အရေးနိမ့်ခဲ့ရလို့ ဆုဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ရာသီဖွင့်ပွဲမှာ တော့တင်ဟမ်က အက်စတွန်ဗီလာကို ၃-၁ နဲ့ အနိုင်ယူခဲ့ကာ ရာသီဖွင့်ပွဲကို အကောင်းဆုံးရလဒ်နဲ့ စတင်နိုင်ခဲ့ပြီး ကိန်းက အသင်းအတွက် နှစ်ဂိုးသွင်းပေးခဲ့ပါတယ်။
"ပြီးခဲ့တဲ့ရာသီက ခြေစွမ်းနဲ့ အစုအဖွဲ့ကို ကျွန်တော်တို့ထိန်းသိမ်းထားပါတယ်၊ ရာသီအစကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး လီဗာပူးလ်၊ မန်စီးတီးတို့ကလည်း နိုင်ပွဲရခဲ့ကြလို့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် စွမ်းဆေင်နိုင်ဖို့က အရေးကြီးခဲ့တာပါ၊ အသင်းအနေနဲ့ အကောင်းဆုံးကစားနိုင်မယ်လို့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်အပြည့်အဝယုံကြည်ထားပါတယ်"
"ဒါပေမယ့် သွားရမယ့်လမ်းခရီးက ရှည်လျားပါတယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ ကစားသမားတွေ ဝယ်ယူခဲ့တာဖြစ်ပြီး တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ခဲ့ပါပြီ၊ ပြိုင်ပွဲတိုင်းမှာ ပိုပြီးတော့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ကစားသမားတိုင်းကလည်း အသင့်ဖြစ်နေကြပါတယ်" လို့ ဟယ်ရီကိန်းက ပြောသွားခဲ့ပါတယ်။
တော့တင်ဟမ်ကတော့ အဓိကကစားသမားအဲရစ်ဆန်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သလို လိုင်ယွန်ကွင်းလယ်လူအန်ဒွန်ဘီလီ၊ ဘက်တစ်ကွင်းလယ်တိုက်စစ်ကစားသမား လိုဆယ်ဆို နဲ့ ဖူလ်ဟမ်လူငယ်ကြယ်ပွင့် ဆက်ဆက်နွန်တို့ကို နွေရာသီမှာ ခေါ်ယူအားဖြည့်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။