ကလော့ပ်ကို ပြန်လည်တုံ့ပြန်လိုက်တာပါ။

ရက်ရှ်ဖု့ိဒ်ဂိုးကိုခွင့်မပြုခင် ပြစ်ဒဏ်ဘောရခဲ့သင့်တယ်လို့ ကလော့ပ်ရဲ့ ပြောဆိုမှုအပေါ် ဆိုးလ်ရှားက ပြန်လည် တုံ့ပြန်လိုက်တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်ဂိုးရချိန် ဂိုးမသွင်းခင် ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာကို မပေးပဲ ကွင်းလယ်ဒိုင်က ဂိုးခွင့်ပြုလိုက်တဲ့အပေါ် လီဗာပူး နည်းပြ ကလော့ပ်က အပြင်းအထန် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။





ဒီအပေါ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ ဆိုးလ်ရှားက ဘောလုံးကစားနေတာသာ ဖြစ်ပြီး ဘတ်စကတ်ဘော ကစားနေတာ မဟုတ်ဘူးလို့ သွယ်ဝိုက်ပြီး ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းယူမှုအပြီးမှာတော့ ကွင်းလယ်ဒိုင် မိုက်ကယ်အက်ဒ်ကင်ဆန်က VAR စနစ်နဲ့ ပြန်ကြည့်ခဲ့ပေ မယ့်လည်း ပြစ်ဒဏ်ဘော ပေးစရာမလိုပဲ ဂိုးအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။

ဒီအပေါ်မှာ လီဗာပူး နည်းပြ ကောလ့ပ်က - “ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်၊ VAR စနစ် က ဥပဒေပ ဖြစ်နေတယ်ဆိုတာ။” လို့ ပြောခဲ့ပါတယ်။

ဒီအပေါ်မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက - “ ကျွန်တော်တို့ ဘတ်စကတ်ဘော ကစားနေတာ မဟုတ်ပါဘူး။ လင်ဒီလော့ဖ်အနေနဲ့ အိုရီဂီကို ထိခဲ့ပါတယ်။ ဒါပေမယ့်မသဲကွဲပါဘူး၊ရှင်းလင်းမှုလည်း မရှိပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ပြစ်ဒဏ်ဘောလို့ မထင်ပါဘူး။” လို့ ပြောခဲ့တာပါ။

ပွဲအပြီးမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး လီဗာပူးအသင်းက ၈၅ မိနစ်မှာ ချေပဂိုးပြန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က