ပဲလေ့စ်နဲ့ပွဲမှာလည်း ဒိုင်ဗင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

VAR စနစ်နဲ့ ဆုံးဖြတ်ချက်ခံယူတိုင်း အနိုင်မရပဲ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးနေရပါများလာတဲ့အပေါ် ဂါွဒီယိုလာက ပေါက်ကွဲခဲ့တာပါ။

ပဲလေ့စ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ မန်စီးတီးနည်းပြ ဂါွဒီယိုလာ က မိမိတို့ အသင်းက အမြဲတမ်း ဒိုင်ဗင်ပဲ ထိုးနေတဲ့ အသင်းလို့ မီဒီယာတွေကို ဒေါသတကြီး ဖြေကြားလိုက် တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



ဒီလို ဂါွဒီယိုလာ ပြောလာရတဲ့အကြောင်းကတော့ ပွဲချိန်အတွင်း ရမယ့် ပင်နယ်တီကို VAR စနစ်ပြန်ကြည့်ပြီး ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီမသတ်မှတ်ပဲ ဒိုင်ဗင်ထိုးတာလို့ ယူဆလိုက်တာကြောင့် ဖြစ်ပါတယ်။



ဒီလို VAR စနစ်ပြန်ကြည့်တိုင်း မန်စီးတီးကို ပင်နယ်တီ ပြစ်ဒဏ်ဘော မပေးပဲ ထားခဲ့တာ အခုပွဲအပါအဝင်ဆိုရင် ၃ ပွဲလောက် ရှိလာတဲ့အချိန်မှာတော့ ဂွါဒီယိုလာက ဒေါသပေါက်ကွဲလာခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲတုန်းကလည်း အချိန်ပိုမှာရရှိခဲ့တဲ့ ဂါဘရီရယ်ဂျီးဆပ်ရဲ့ဂိုးကို လက်ထိဘောဆိုပြီး VAR စနစ်နဲ့ပယ်ခဲ့ဖူးပါတယ်။

“ဟုတ်ပါတယ်၊ ဒိုင်ဗင်ပါ၊ဒိုင်ဗင်ပါ၊ဒိုင်ဗင်ပါ၊အပတ်တိုင်း ကျွန်တော်တို့က ဒိုင်ဗင်ပဲ ထိုးနေတဲ့အသင်းပါ။” လို့ ဂါွဒီယိုလာက ဖြေကြားခဲ့ပြီး နောက်မေးခွန်းမေးပေးပါလို့ မီဒီယာကို စကားဖြတ် ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဘုန်းမောက်နဲ့ပွဲမှာလည်း မန်စီးတီးအနေနဲ့ VAR စနစ်ကြောင့် အခွင့်အရေး လက်လွှတ်ဆုံးရှုံးထားပြီး ဒီရာသီမှာတော့ VAR စနစ်က မန်စီးတီးအတွက် မဟုတ်ပဲ ရှိနေခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ပဲလေ့စ်ကို အနိုင်ရလိုက်လို့ ရမှတ် ၁၉ မှတ်နဲ့အတူ အဆင့် ၁ နေရာက လီဗာပူးကို ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က