၀က်စ်ဟမ်းနဲ့ ပွဲမှာတော့ ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

မာရက်ဇ်ကတော့ အာဖရိကနိုင်ငံများ ဖလား ပြိုင်ပွဲမှာ အယ်ဂျီးရီးယားအသင်းနဲ့အတူ ချန်ပီယံဖြစ်ပြီးနောက် မန်စီးတီးအသင်းကို ပြီးခဲ့တဲ့ သောကြာနေ့က ပြန်လည်ရောက်ရှိလာရာမှာ တိကျသေချာ တဲ့ ဆေးစစ်မှု မှတ်တမ်းဖိုင် တင်ပြလာနိုင်ခြင်းမရှိခဲ့တာကြောင့်လို့ သိရပါတယ်။

လီဗာပူးကို ပင်နယ်တီနဲ့အနိုုင်ရပြီး ကွန်မြူနတီဒိုင်းဆုကို ကာကွယ်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ တော့လောလောလတ်လတ် အာဖရိက ချန်ပီယံ မာရက်ဇ် ပါဝင်ကစားခဲ့ခြင်းမရှိတာ တွေ့ရပါ တယ်။



မာရက်ဇ်အနေနဲ့ သောကြာနေ့က မန်စီးတီးအသင်းကို ပြန်ရောက်လာခဲ့ပေမယ့်လည်း နိုင်ငံအသင်းနဲ့ စစ်ဆေး ထားတဲ့ ဆေးစစ်မှု မှတ်တမ်းတွေကို တင်ပြလာရာမှာ အနည်းငယ် စိုးရိမ်ပူပန်စရာ အခြေအနေတစ်ခုမှာ ရှိနေတာကြောင့် ဖြစ်တယ်လို့ နည်းပြ ဂါွဒီယိုလာက ပြောခဲ့ပါတယ်။

“ ဆရာဝန်မှာ တိကျသေချာတဲ့ ဆေးစစ်မှု မှတ်တမ်းဖိုင် ရှိမနေပါဘူး၊ မာရက်ဇ်က ဖလားယူအပြီး ၁၀ ရက်အတွင်း အသင်းကို ပြန်လာမယ်လို့ ကျွန်တော့်တို့ ဆက်သွယ်ခဲ့ပါတယ်၊ အဲ့နောက် ကျွန်တော်လည်း လီဗာပူးနဲ့ပွဲကို ထည့်ကစားချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ သေချာတဲ့ ဆေးစစ်မှု မှတ်တမ်းဖိုင် ပါမလာခဲ့ပါဘူး။ ဒါကြောင့်ပဲ အသင်းလူစာရင်းမှာ ထည့်သွင်းလာခြင်း မပြုခဲ့တာပါ။” လို့ ဂွါဒီယိုလာက ရှင်းပြလာခဲ့ပါတယ်။

မာရက်ဇ်အနေနဲ့ ကွန်မြူနတီဒိုင်းပွဲကို လွတ်သွားပေမယ့်လည်း ဝက်စ်ဟမ်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲအစမှာတော့ ပါဝင်လာဖို့ မျှော်လင့်တယ်လို့ ဂါွဒီယိုလာက မှတ်ချက်ပြုခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က