သြဂုတ်လ ၁၂ ရက်နေ့မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့လိဂ်ပွဲစဉ်မှသာ ပါဝင်နိုင်ဖို့ရှိပါတယ်။

ပေါင် သန်း ၆၀နဲ့ ကလပ်စံချိန်တင်ခေါ်ယူထားတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် ပွဲအနည်းငယ်သာ ကစားပေးအပြီးအခုလို ဒဏ်ရာရသွား ခဲ့တာ ဖြစ်ပါတယ်။

Photo - Getty Image

 

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ICC ဖလားပြိုင်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး မာရက်ဇ်ဟာ အနားယူရတော့ပါမယ်။

ပူလီဆစ်ကို လီဗာပူးလ်ထက် လက်ဦးမှုရယူဖို့ ကြိုးစားနေတဲ့ ချယ်လ်ဆီး 

အဆိုပါ ဒဏ်ရာကြောင့် လာမယ့် အပတ်မှာ ကစားဖို့ရှိနေတဲ့ ချဲလ်ဆီးအသင်းနဲ့ ကွန်မြူနတီဒိုင်းလုပွဲကို စတင်လွဲချော်သွားရတော့မှာလည်း ဖြစ် ပါတယ်။

Photo - Getty Image

 

မာရက်ဇ်ကို မန်စီးတီးအသင်းက ဒီနှစ်ဘောလုံးရာသီမှ လက်စတာအသင်းကနေ ပေါင် သန်း ၆၀ နဲ့ ခေါ်ယူထားတာ ဖြစ်ပြီး အသင်းအတွက် ပွဲ အနည်းငယ်သာ ကစားပေးအပြီးမှာ အခုလိုပဲ ဒဏ်ရာရရှိသွားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ မာရက်ဇ်ကို လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာကစားမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှသာ ပြန်လည်မြင်တွေ့ရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

Photo - Getty Image

 

လက်ရှိမှာတော့ ဒဏ်ရာကြောင့် ICC ပွဲကစားနေတဲ့ အမေရိကန်မှ မန်ချက်စတာကို ပြန်လည်ရောက်ရှိအနားယူနေခဲ့ပြီဖြစ်ပြီး အခုလိုပဲ ဘယ် ဖက် ခြေထောက်ကို ကာဗာနဲ့ထိန်းထားပြီး တုတ်ကောက်နဲ့ တွဲလျှောက်လာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

မာရက်ဇ်ရဲ့ ဒဏ်ရာအခြေအနေအပေါ် အသင်းနည်းပြ ဂွါဒီယိုလာကိုယ်တိုင်က သေချာ မသိဘူးလို့ ဖြေကြားထားပေမယ့်လည်း ပြဿနာ ကြီးကြီးမားမားမရှိလောက်ဘူးလို့လည်း ဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က