ကစားသမားရဲ့ ဗိုင်းရပ်စ်အပေါ် ကြောက်ရွံ့နေမှုကြောင့်ပါ။

ကန်တေရဲ့ ကြောက်ရွံ့မှုကို ထပ်မံတိုးပွားစေတာကတော့ အမျိုးသားစာရင်းအင်းအချက်အလက်ထုတ်ပြန်ချက်များအရ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူတွေထဲမှာ လူမည်းတွေက ပိုမိုများပြားနေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 


ချယ်လ်ဆီးကွင်းလယ်လူကန်တေအနေနဲ့ လက်ကျန်ဘောလုံးရာသီတစ်ခုလုံးကို အသင်းနဲ့အတူကစားခြင်းမပြုဖို့အတွက် အသင်းဘက်ကခွင့်ပြုမှုကိုရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အပေါ် ကြောက်ရွံ့မှုကြောင့် အသင်းနဲ့ပြုလုပ်ရမယ့် လေ့ကျင့်ခန်းအစီအစဉ်ကို ကန်တေလွဲချော်ခဲ့အပြီးမှာ ချယ်လ်ဆီးအသင်းဘက်က လက်ကျန်ပွဲတွေကို ကစားပေးခြင်းမပြုဖို့အတွက် ခွင့်ပြုနိုင်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသင်းလေ့ကျင့်ရေးကွင်းကို ကန်တေကရောက်ရှိလာခဲ့ပြီး ဆေးစစ်မှုတွေခံယူခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ကျန်းမာရေးအပေါ် အစိုးရိမ်လွန်နေကာ နေအိမ်မှာပဲရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ်ကွင်းလယ်လူဟာ နှလုံးရောဂါကြောင့် ညီအစ်ကိုဖြစ်သူတစ်ဦး သေဆုံးခဲ့ပြီးနောက် ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေများပြားနေခဲ့တာလို့လည်း The Sun က ဖော်ပြခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် ချယ်လ်ဆီးက ကစားသမားကို သူ ပြန်လာချင်တဲ့အချိန်မှပြန်လာဖို့အတွက် ခွင့်ပြုပေးဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးက လေ့ကျင့်မှုတွေပြန်လည်စတင်နေပြီဖြစ်ပြီး နည်းပြလမ်းပတ်ကလည်း ကစားသမားရဲ့ ဆန္ဒအပေါ်မှာ ထောက်ခံပေးခဲ့ပါတယ်။ ကန်တေရဲ့ ကြောက်ရွံ့မှုကို ထပ်မံတိုးပွားစေတာကတော့ အမျိုးသားစာရင်းအင်းအချက်အလက်ထုတ်ပြန်ချက်များအရ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူတွေထဲမှာ လူမည်းတွေက ပိုမိုများပြားနေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 

ကန်တေဟာ ချယ်လ်ဆီးအသင်းရဲ့ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဒီရာသီမှာ အမှတ်ပေးပွဲ ၁၈ ပွဲကစားထားကာ ၃ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကွင်းလယ်လူအနေနဲ့ နေအိမ်မှာတော့ လေ့ကျင့်မှုတွေပြုလုပ်နေတယ်လို့သိရပြီး လက်ရှိကာလမှာတော့ အသင်းနဲ့ ပူးပေါင်းသေးမှာမဟုတ်သေးဘူးလို့လည်း သိရပါတယ်။ 



က္က