ခြေထောက်မြှောက်ဝင်ပြီး ကံကောင်းလို့ ဒဏ်ရာမရရှိခဲ့တာပါ။
Pyae Phyo Thein

ဒေးဗစ်လုဇ်ဟာ ကန်တေရဲ့ ခေါင်းနားကို ရောက်တဲ့အထိ ခြေထောက်မြှောက်ဝင်ခဲ့တာဖြစ်ပြီး ကံကောင်းထောက်မလို့သာ ဒဏ်ရာမရရှိခဲ့တာလည်းဖြစ်ပါတယ်။


မနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးကွင်းလယ်လူကန်တေ နဲ့ ဘောလုံးယှဉ်လုခဲ့ရာမှာ ခြေထောက်မြှောက်ဝင်ခဲ့တဲ့ ဒေးဗစ်လုဇ်ရဲ့ လုပ်ရပ်ကို ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က ပြစ်တင်ရှုတ်ချသွားခဲ့ကာ ရူးနှမ်းတဲ့လုပ်ရပ်လို့ နာမည်တပ်သွားခဲ့ပါတယ်။ 

ဒေးဗစ်လုဇ်ဟာ ကန်တေရဲ့ ခေါင်းနားကို ရောက်တဲ့အထိ ခြေထောက်မြှောက်ဝင်ခဲ့တာဖြစ်ပြီး ကံကောင်းထောက်မလို့သာ ဒဏ်ရာမရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါဖြစ်ရပ်အပေါ် ကွင်းလယ်ဒိုင်လူကြီးက ဘယ်လိုမှအရေးယူမှုမပြုခဲ့ဘဲ ပွဲကိုဆက်လက်ကစားစေခဲ့ပါတယ်။ ဒီအပေါ်မှာ ဂယ်ရီနဗီးလ်က ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ 

"ဒါက သမာရိုးကျဖြစ်ရပ်မျိုးမဟုတ်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်၊ ဒေးဗစ်လုဇ်ဆီကနေ ဆင်ခြင်မှုမရှိတာကိုလည်း မြင်တွေ့ခဲ့ရတာပါ၊ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ကို သူလုပ်ခဲ့တာပါ၊ သူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်၊ အာဆင်နယ်ကစားပုံကလည်း ကောင်းမွန်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်က ချယ်လ်ဆီးနဲ့ပွဲမှာ ဆွန်ဟောင်မင် အနီကတ်ထိခဲ့တာကို ပြန်ပြီးတော့ စဉ်းစားကြည့်ပါ"

"ကန်တေက ဘောလုံးဆက်ကစားခွင့်ပေးတာကို တွေ့ပြီးနောက်မှာ ဒါကို ခွင့်ပြုသလားလို့တောင် ကွင်းလယ်ဒိုင်ကို မေးမြန်းခဲ့ပါတယ်" လို့ ဂယ်ရီနဗီးလ်က ပြောဆိုခဲ့ပါတယ်။ ဒေးဗစ်လုဇ်ကတော့ ဒီရာသီအစပိုင်းမှာ ချယ်လ်ဆီးကနေ အာဆင်နယ်ကို ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းဟောင်းနဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားခဲ့ပေမယ့် အာဆင်နယ်ကတော့ ၂-၁ နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရပါတယ်။ 


က္က