ကွန်မြူနတီဒိုင်းဗိုလ်လုပွဲကို မနက်ဖြန် သြဂုတ် ၂၉မှာ ကစားမှာပါ။

မာတီနက်ဇ်၊ကစားသမားသစ် ဂါဘရီရယ်နဲ့ အခြား အမည်မဖော်ပြသူ ၂ဦး စုစုပေါင်း ၄ဦး ကွာရန်တင်းဝင်နေရလို့ အသင်းနဲ့ အချိန်မီ ပူးပေါင်းနိုင်ခြင်းမရှိတာကြောင့် အသင်းကို ပြင်ဆင်ရာမှာ အနည်းငယ် အခက်တွေ့နေတာပါ။

ကစားသမား ၄ဦး ကွာရန်တင်းဝင်နေရလို့ လေ့ကျင့်ခန်းကို အချိန်မီ မလာနိုင်တာကြောင့် နည်းပြအာတီတာအ တွက် အသင်းကို ပြင်ဆင်ရာမှာ အခက်ကြုံနေရပါတယ်။



အဆိုပါ ကစားသမား ၄ဦးကတော့ ဂိုးသမား မာတီနက်ဇ်၊မကြာခင်မှာ စာချုပ်သစ်ချုပ်ဖြစ်တော့မယ့် ဂါဘရီရယ်နဲ့ အခြား၂ဦးကိုတော့ နာမည်မဖော်ပြထားပါဘူး။

အဆိုပါ ကစားသမားတွေဟာ ဗြိတိန်အစိုးရရဲ့ သတ်မှတ်ချက်နဲ့ ၁၄ရက်ကြာ သီးသန့် နေထိုင်နေကြရလို့ အသင်း လေ့ကျင့်ရေးကို အချိန်မီ ပူးပေါင်းနိုင်ခြင်း မရှိမှာပါ။

ပြီးခဲ့တဲ့ ချဲလ်ဆီးကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား မာတီ နက်ဇ်ကတော့ အားလပ်ရက်မှာ ပေါ်တူဂီကိုသွားရောက်ခဲ့လို့ ဗြိတိန်ပြန်အဝင်မှာကွာရန်ဝင်း ၁၄ရက်ကြာ ဝင်နေရ တာပါ။

“ပရီးမီးယားလိဂ်အနေနဲ့ကတော့ ကိုဗစ်ကာလမှာအစိုးရရဲ့ တားမြစ်ချက်တွေအောက် အခြေအနေပေါင်းစုံကို ကျော်ဖြတ်နေခဲ့ရပါတယ်။တစ်နေ့နဲ့တစ်နေ့ ဘာဖြစ်လာမလဲဆိုတာလည်း မသိနိုင်ပါဘူး။ဒါပေမယ့် ကျွန်တော် ကတော့ အသင်းကို လာမယ့် စနေနေ့ ဗိုလ်လုပွဲအတွက် အကောင်းဆုံး ပုံစံရအောင် တည်ဆောက်နေပါတယ်။” လို့ အာဆင်နယ် နည်းပြ အာတီတာက ဆိုပါတယ်။

ကွန်မြူနတီဒိုင်းအတွက် သီးသန့် လေ့ကျင့်ချိန် ၂ချိန်သာ ရခဲ့ပြီး အသင်းရဲ့ ရာသီကြို ပြင်ဆင်နေတဲ့ ကာလမှာ ကစားရတာကတော့ မမျှော်လင့်ထားတဲ့ အရာလို့လည်း အာတီတာက ဆိုပါသေးတယ်။

လက်ရှိမှာတော့ အက်ဖ်အေဖလားမှာ လက်စွမ်းပြခဲ့ပေမယ့်လည်း လေ့ကျင့်မှုမရှိလို့ မာတီနက်ဇ်ကတော့ ပွဲထွက်ဖို့ မဖြစ်နိုင်တော့ပဲ မူလ နံပါတ်တစ်ဂိုးသမား လီနိုကပဲ ဂျာစီနံပါတ်ဝမ်းကို ပြန်လည်ဝင်ဆင်ဖို့ ရှိနေပါတယ်။

လီနိုကတော့ဒဏ်ရာကပြန်လည်သက်သာပြီးနောက် ပြီးခဲ့တဲ့ အမ်ကေဒွန်းအသင်းကို ၄-၁နဲ့ နိုင်တဲ့ ခြေစမ်းပွဲမှာ အသင်းနဲ့အတူ ဇွန်လနောက်ပိုင်း ပထမဆုံး ပြန်လည်စတင်ကစားထားနိုင်ပါတယ်။

လိုင်လီအသင်းကနေ ခေါ်ယူထားတဲ့ ဘရာဇီး နောက်ခံလူ ဂါဘရီရယ်ကလည်း ဗြိတိန်စည်းကမ်းအရ ၁၄ရက်ကြာ ကွာရန်တင်းဝင်ပြီးမှ အသင်းနဲ့ ပူးပေါင်းခွင့်ရမှာ ဖြစ်နေတာပါ။

အာဆင်နယ်အသင်းကတော့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းနဲ့ တွေ့ဆုံ နေတာဖြစ်ပြီး ဒီပွဲကိုမနက်ဖြန် သြဂုတ်လ ၂၉ရက်နေ့(စနေ)မှာ ကိုဗစ်စည်းကမ်းနဲ့အညီ ကွင်းပိတ်ကစားစေမှာပါ။

Share

Loading Next Article...
က္က