၄ဦးနှင့်အထက်လို့ သိရပါတယ်။

ကစားသမားတွေရဲ့ အမည်ကို ထုတ်ဖော်မပြောပေမယ့် ကစးသမားအချို့ အစိုးရထုတ်ပြန်ချက်နဲ့အညီ ကွာရန် တင်းဝင်နေရတယ်လို့ ချဲလ်ဆီးအသင်းက အတည်ပြုပေးပါတယ်။

အနည်းဆုံး ၄ဦးနှင့်အထက် အစိုးရအမိန့်နဲ့ ကွာရန်တင်းဝင်နေရတယ်လို့ ချဲလ်ဆီးအသင်းက ဗုဒ္ဓဟူးနေ့မှာ အတည် ပြုထုတ်ပြန်လာတယ်လို့ Goal.comကဖော်ပြလာပါတယ်။



ပြီးခဲ့တဲ့အပတ်တုန်းက လေ့ကျင့်ခန်းပြန်လည်စတင်တဲ့ ချဲလ်ဆီးကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး မည်သည့် ကစားသမားမှာ ရောဂါပိုးတွေ့တယ်ဆိုတာတော့ ထုတ်ဖော်မပြောပဲ ကစားသမားအချို့ ကွာရန်တင်း ဝင်နေရတယ်လို့ ချဲလ်ဆီးအသင်းက ထုတ်ပြန်ပေးလာတာပါ။

“ကျွန်တော်တို့ ကစားသမားအချို့ အစိုးရလမ်းညွှန်ချက်နဲ့အညီ ကွာရန်တင်းဝင်ပေးနေပါတယ်။ဘယ်ကစားသမား တွေလည်း ဆိုတာတော့ နာမည်ထုတ်ဖော်မပြောပါဘူး။”လို့ ချဲလ်ဆီးအသင်းက တရားဝင် ထုတ်ပြန်ချက်ပေးပါ တယ်။

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးအသင်းက ကစားသမားသစ် ဘန်ချီဝဲလ်ကို ခေါ်ယူခဲ့ပြီး အဆိုပါ သတင်းကြောင့် အသင်းရဲ့ ရာသီကြိုအစီအစဥ်တွေ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက လာမယ့် စနေနေ့မှာ ဘရိုက်တန်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဥ်ထားပြီး အဆိုပါပွဲကို ဘရိုက်တန်အသင်းက အိမ်ကွင်းပရိသတ် ၂၅၀၀ ကွင်းအတွင်း ဝင်ကြည့်ခွင့်ပြုထားပါတယ်။

ချဲလ်ဆီးနည်းတူ ရှက်ဖီး၊ဝက်စ်ဟမ်းနဲ့ဘရိုက်တန်အသင်းတို့လည်း လေ့ကျင့်ခန်း ပြန်လည်စတင်ရာမှာ ရောဂါပိုး ရှိသူတွေ တွေ့ထားပြီး ၁၂သင်းထက်မနည်းတဲ့ အသင်းတွေမှာ အနည်းဆုံး ကစားသမား ၁၄ဦးထိ ရောဂါပိုး တွေ့ ထားကြတယ်လို့လည်း Goal.comကဖော်ပြလာပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ၂၀၂၀-၂၁ဘောလုံးရာသီအစကို ဘရိုက်တန်အသင်းနဲ့ အဝေးကွင်း စတင်ကစားရမှာ ဖြစ်ပြီး စက်တင်ဘာ ၁၂မှာ ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က