စပါးအသင်းအနေနဲ့ လိုက်ပ်ဇစ်အသင်းကို အိမ်ကွင်းမှာ စပြီးဧည့်ခံကစားရမှာပါ။

စပါးအသင်းအနေနဲ့ လာမယ့်ရာသီသစ်အတွက် ကစားသမားသစ်တွေခေါ်ယူဖို့အတွက် စတင်ပြင်ဆင် နေခဲ့တာပါ။

ရာသီသစ်အတွက် စီမံကိန်းအချို့နဲ့အတူ ပြင်ဆင်မှုများပြုလုပ်ဖို့ရှိနေတဲ့ စပါးအသင်းရဲ့နည်းပြမော်ရင် ဟိုအနေနဲ့ ကစားသမားသစ်များခေါ်ယူနိုင်ရေးအတွက် ကိုယ်တိုင်ကင်းထောက်စောင့်ကြည့်မှုများပြုလု ပ်နေခဲ့တယ်လို့ thesun က အခိုင်အမာဖော်ပြလာပါတယ်။

နည်းပြမော်ရင်ဟိုအနေနဲ့ ဂျာမနီဘွန်ဒက်စ်လီဂါပွဲစဉ် ၂၁အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်- လိုက်ပ်ဇစ်ပွဲစဉ်ကို ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့ပြီး ကစားသမားအချို့ရဲ့ခြေစွမ်းအပေါ်စောင့်ကြ ည့် လေ့လာမှုအချို့ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။



သာမန်ပွဲကြည့်ပရိသတ်တစ်ဦးပုံစံဟန်ဆောင်ပြီး လာရောက်ကြည့်ရှု့ခဲ့တဲ့ မော်ရင်ဟိုရဲ့ရုပ်ပုံများကို ဂျာမနီမီဒီယာတွေနဲ့ Bundesliga.com က လည်းဖော်ပြခဲ့တာဖြစ်သလို ကာကယံရှင်ကိုယ်တိုင်က လည်း ဘွန်ဒက်စ်လီဂါကစားသမားအချို့ကို ခေါ်ယူလိုတယ်လို့ အရိပ်အမြွတ်ပြောဆိုမှုများရှိထားခဲ့ တာပါ။

စပါးအသင်းအနေနဲ့ အနာဂတ်အသင်းတိုက်စစ်အတွက် ကစားသမားသစ်ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ် သလို ပြီးခဲ့တဲ့ဇန်နဝါရီကစားသမားအပြောင်းအရွှေ့စျေးကွက်အတွင်းကလည်း လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါလ်နာကို ခေါ်ယူဖို့ ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့ပါသေးတယ်။

အခြားသတင်းရင်းမြစ်အချို့အရပ်ဖော်ပြချက်အရ စပါးအသင်းနည်းပြမော်ရင်ဟိုအနေနဲ့ ကစားသမား သစ်ခေါ်ယူဖို့ထက် ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်မှာ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရဖို့ရှိနေတဲ့ လိုက် ပ်ဇစ်အသင်းရဲ့ နည်းစနစ်ပိုင်းအချို့ကို လာရောက်လေ့လာခဲ့တာဖြစ်တယ်လို့ ကိုးကားဖော်ပြမှုအချို့ လည်း ရှိနေခဲ့ပါတယ်။



က္က