ပရီးမီးယားလိဂ်နဲ့ချန်ပီယံရှစ်မှာ စတင်စမ်းသပ်အသုံးပြုမှာပါ။
Kyaw Ko Ko Sint

ပွဲချိန်အတွင်းရော လေ့ကျင့်ရေးမှာရော ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို အတိအကျ ဖော်ပြ ပေးနိုင်မှာ ဖြစ်ပြီး ဒီစက်ကြောင့် နည်းပြတွေ လူစားလဲရာမှာ ပိုမို တိကျမှန်ကန်လာစေမယ်လို့ ဆိုပါတယ်။

ပွဲချိန်အတွင်း ကစားသမားတွေ ပင်ပန်းနေပြီလား၊သက်လုံဘယ်လောက်ကျန်သေးလဲဆိုတာ သိစေနိုင်မယ့် အဆင့်မြင့် နည်းပညာ တစ်ခုကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်မှာ လာမယ့်နှစ် ဘောလုံးရာသီသစ်က စတင် အသုံးပြုမယ်လို့ သိရပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ အဆိုပါ နည်းပညာကို STATSports ကုမ္ပဏီက မိတ်ဆက်လာတာ ဖြစ်ပြီး အဓိက ကတော့ နည်းပြတွေအတွက် အင်မတန်မှ အထောက်အကူရမယ့် နည်းပညာပဲ ဖြစ်ပါတယ်။

အဆိုပါ စက်ကို ကစားသမားတွေမှာ ပွဲချိန်အတွင်း တပ်ဆင်ပေးထားမယ်ဆိုရင် ကစားသမားတစ်ဦး ပင်ပန်းနေပြီ လားဆိုတာ ချက်ခြင်း သိနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် နည်းပြတွေအတွက် အင်မတန် အထောက်အပံ့ဖြစ်မယ့် ပစ္စည်းဖြစ်ပြီး ပွဲချိန်အတွင်း လူစားလဲရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ပိုမိုလုပ်‌ဆောင်နိုင်ဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

ကစားသမားတွေကို လူစားလဲရာမှာလည်း ကစားသမားဖက်က စောဒဂတက်လာခဲ့ရင် တိကျမှန်ကန်တဲ့ အဖြေကို ဒေတာကတဆင့်ချက်ခြင်းပဲ ပြန်လည်ပေးနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ကိုဗစ် ပျံ့နှံ့မှုကြောင့် ပွဲတွေ ရပ်နားထားရာမှ ရာသီအသစ်ကို ပြန်လည်စတင်ချိန်မှာ ပွဲနားထားရလို့ သက်လုံကျနေကြမယ့် ကစားသမားတွေနဲ့ ပွဲကို အကောင်းဆုံး ကိုင်တွယ်ရမယ့် နည်းပြတွေ အကြား တိကျတဲ့ အချက်အလက်တွေကို ဖော်ပြပေးပြီး လေ့ကျင့်ရေးမှာရော ပွဲအတွင်းမှာပါ အကောင်းဆုံး ကူညီ ပေးနိုင်မယ့် နည်းပညာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က