အဲဗာတန်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့လို့ မကျေမနပ်ဖြစ်နေခဲ့တာပါ။
Pyae Phyo Thein

ကယ်လ်ဗတ်လီဝင်ရဲ့ ဒုတိယပိုင်းမှာသွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးကြောင့် စပါးတို့ အိမ်ကွငး်မှာပဲ အရေးနိမ့်ခဲ့ပြီး မော်ရင်ဟိုရဲ့ ရာသီအဖွင့်ပွဲမှတ်တမ်းကောင်းတွေကလည်း ပျက်ပြယ်ခဲ့ရပါတယ်။ 


အဲဗာတန်ကိုအရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အပြီးမှာတော့ စပါးနည်းပြမော်ရင်ဟိုက အသင်းသားတွေရဲ့ ကစားပုံနဲ့ ကြံ့ခိုင်မှုအပေါ်မှာ မေးခွန်းထုတ်ခဲ့ကာ ဝေဖန်သွားခဲ့ပါတယ်။ ကယ်လ်ဗတ်လီဝင်ရဲ့ ဒုတိယပိုင်းမှာသွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးကြောင့် စပါးတို့ အိမ်ကွငး်မှာပဲ အရေးနိမ့်ခဲ့ပြီး မော်ရင်ဟိုရဲ့ ရာသီအဖွင့်ပွဲမှတ်တမ်းကောင်းတွေကလည်း ပျက်ပြယ်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာ Sky Sports နဲ့ အင်တာဗျူးပြုလုပ်ခဲ့တဲ့အချိန်မှာ မော်ရင်ဟိုက ကစားသမားတွေကို အပြစ်တင်သွားခဲ့တာဖြစ်ပါတယ်။ စပါးဟာ ဘောလုံးဖျက်ထုတ်မှုပေါင်း ၉ ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး အဲဗာတန်က ၁၈ ကြိမ်အထိရှိခဲ့ကာ ဟယ်ရီကိန်းကလည်း အဲဗာတန်ဂိုးဧရိယာထဲမှာ ဘောလုံးထိချက် ၂ ကြိမ်သာရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

မော်ရင်ဟိုက "ပြိုင်ဘက်ကို ကောင်းကောင်း Press မလုပ်နိုင်ခဲ့တာက ပြသနာပါပဲ၊ ကျွန်တော်တို့ သူတို့ကို ဖိအားပေးနိုင်မှုက တော်တော်လေးဆိုးဝါးခဲ့ပါတယ်၊ ပျင်းရိငြီးငွေ့စရာပုံစံလို့ ကျွန်တော်ပြောချင်တယ်၊ ဒီလိုမျိုးဖြစ်နေပြီဆိုရင် ပြိုင်ဘက်ကို ခံစစ်ပိုုင်းကစပြီးတော့ ပြင်ဆင်ခွင့်ပေးခဲ့သလိုဖြစ်မှာပဲ၊ သူတို့မှာက တကယ်ကောင်းတဲ့ကစားသမားတွေပိုင်ဆိုင်ထားတာပါ၊ သူတို့ကို အဲဒီလိုကစားခွင့်ပေးလိုက်ရင် သက်တောင့်သက်သာနဲ့ ကစားသွားနိုင်မှာပါပဲ"

"ပျင်းရိစရာ ဖိအားပေးမှုမျိုးက တစ်သင်းလုံးရဲ့ တည်ငြိမ်မှုကိုပါ ပျက်ပြားစေပါတယ်၊ တချို့ကစားသမားတွေ ကြံ့ခို်င်မှုမပြည့်ဝဘူးလို့ ကျွန်တော်ခံစားရတယ်၊ ဒိုဟာတီက သူကစားနေကျအတိုင်းမကစားနိုင်ခဲ့ဘူး၊ ဒါက ဥပမာပြောတာပါ၊ တခြားကစားသမားတွေလည်း ရုပ်ပိုင်းဆိုင်ရာအားနည်းနေခဲ့ပါတယ်၊ ဒါပေမယ့် ကာလို နဲ့ အဲဗာတန်ကစားသမားတွေကိုတော့ ကျွန်တော်ချီးကျူးဂုဏ်ပြုပါတယ်" လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။ 


ဒီရှုံးပွဲဟာ စပါးအတွက်တော့ ၂၀၀၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ အဲဗာတန်ကို အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က